Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၂၄)

(၁၀) နာရီကျော်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ပြည်သူတွေရဲ့ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဟိုဖိတ်ကျေးရွာ နဲ့ စိုက်ကွင် (၂) ကျေးရွာ ကြားမှာ မနေ့ မနက် (၈) နာရီက ကနေ ညနေ (၆) နာရီကျော်ကြာတဲ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ထိခိုက်ဒဏ်ရာရရှိသူ နဲ့ သေဆုံးသူများပြားခဲ့ပြီး စစ်ကောင်စီဘက်ဖွဲ့ဝင် တွေက ပြည်သူနေအိမ် (၉) လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၂) ရက်နေ့လည်ပိုင်းကလည်း ဟိုဖိတ်ကျေးရွာ နဲ့ သပြေတောကျေးရွာ အတွင်းမှာလည်း စစ်ကောင်စီတပ်တွေ နဲ့ တိုင်းရင်းသားတပ် တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျေးရွာအတွင်းက ပြည်သူ (၂) ဦး ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။