Spread the love

ရန်ကုန်၊ဇန်နဝါရီ(၂၆)

တိုက်ပွဲကာလတွေ ကြာရှည်နေပြီး အကြပ်အတည်းတွေကို အချိန်မီ မဖြေရှင်းနိုင်ပါက မြန်မာနိုင်ငံဟာ အလုံးစုံပျက်စီးရေး ကို ရောက်ရှိသွားနိုင်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) က ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံ ရဲ့ လက်ရှိအခြေအနေ နဲ့ ပတ်သက်ပြီး အချက် (၇) ချက် ပါဝင်တဲ့ ထုတ်ပြန်ချက်ကို KIO က ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်က နိုင်ငံတော် ရဲ့အချုပ်အခြာ အာဏာ အရပ်ရပ်ကို သိမ်းယူခဲ့တာ တစ်နှစ်ပြည့်မြောက်တော့မှာဖြစ်ပြီး မြန်မာနိုင်ငံ ရဲ့ ကြုံတွေ့နေရတဲ့ ပြဿနာအကြပ် အတည်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် စစ်ကောင်စီအနေ နဲ့ တရားမျှတမှုကို အခြေခံပြီး ပြည်သူလူထုရဲ့ ဆန္ဒသဘောထားတွေကို တန်ဖိုးထားဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ချက် မှာ ရေးသားထားပါတယ်။

နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ရပ်တန့်ဖို့ တရုတ်နိုင်ငံ က ဖိအားပေးနေပြီး KIO အနေ နဲ့ မြန်မာနိုင်ငံ ရဲ့ လက်ရှိအခက်အခဲတွေ ကို ကျော်လွှားနိုင်ရေး နဲ့ ပြည်သူတွေလိုလား တောင်းတနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး အတွက် အဖွဲ့အစည်းအားလုံး နဲ့ အတူ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။