Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၂၉)

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ မှာ အခြေချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် ကို မနေ့က ည (၈) နာရီဝန်းကျင်က ချဉ်းကပ် တိုက်ခိုက်ခဲ့တယ်လို့ အောင်ဆန်းတပ်ဖွဲ့ က ပြောပါတယ်။

တိုက်ပွဲဟာ အချိန်နာရီဝက်နီးပါးကြာခဲ့ပြီး အောင်ဆန်းတပ်ဖွဲ့၊ ပုလဲ ပကဖ၊ PRA၊ Chindwin Attack Force၊ သံမဏိတပ်ဖွဲ့၊ ပုလဲပြောက်ကျားတပ်ဖွဲ့တွေ က တိုက်ခိုက်ခဲ့ဖြစ်ပါတယ်။

မဟာမိတ် တပ်ပေါင်းစုအဖွဲ့က မြေပြင်၊ ဝေဟင် အင်အားသုံးတိုက်ခိုက်ခဲ့တာဖြစ်လို့ အကြမ်းဖက်စစ်သား အများအပြားထိခိုက်သေဆုံးနိုင်ပေမယ့် အရေအတွက်ကို အတည်မပြုနိုင်ဘူးလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ အခြေချထားတဲ့ ဇီးဖြူကုန်းရွာ ဟာ ပျူစောထီးသင်တန်း ပေးနေတဲ့ ရွာတစ်ရွာလည်းဖြစ်ပါတယ်။