Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၂၉)

စစ်ကိုင်းတိုင်းဒေကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ က အကြမ်းဖက်စစ်တပ် နဲ့ ပျူစောထီးသင်တန်း ပေးနေသူတွေ ကို ဒရုန်း နဲ့ ထပ်မံတိုက်ခိုက်ခဲ့ရာ (၅) ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

မနေ့ ညနေ (၄) နာရီဝန်းကျင် က အောင်ဆန်းတပ်ဖွဲ့ နဲ့ ပုလဲ ပ.က.ဖ မဟာမိတ်တပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ် က ကြောက်လန့်တကြား ရမ်းသမ်းပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် မိမိတို့ မဟာမိတ်ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ အောင်ဆန်းတပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ မှာ အကြမ်းဖက်စစ်တပ် က အခြေပြုတပ်စွဲကာ ပျူစောထီးသင်တန်းပေးနေ လို့ ဇန်နဝါရီလ (၂၈) ရက်နေ့ကလည်း ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။