Spread the love

ရန်ကုန်၊ဇန်နဝါရီ(၃၀)

အာဆီယံဥက္ကဌ က ခန့်အပ်တဲ့ အထူးကိုယ်စားလှယ် နဲ့ မြန်မာနိုင်ငံ ရဲ့ အခြေအနေအပေါ်မူတည်ပြီး လက်နက်ကိုင်အဖွဲ့ အစည်းတွေအပါအဝင် သက်ဆိုင်သူအားလုံး ကို တွေ့ဆုံခွင့်ပေးမှာ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ က၂၀၂၂ ခုနှစ်အတွက် အာဆီယံဥက္ကဌ အဖြစ် တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပြီး အာဆီယံဥက္ကဌ ရဲ့ အထူးကိုယ်စားလှယ်အဖြစ် ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေး နဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရတ်ဆုတ်ခွန်း ကို ခန့်အပ်ဖို့ အဆိုပြုပြီးနောက် စစ်ကော်စီ က အခုလိုကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အထူးကိုယ်စားလှယ် အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ နဲ့ ပြုလုပ်မယ့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲတွေ ကို တက်ရောက်နိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆင် က ဇန်နဝါရီလ (၇) ရက်နေ့မှာ မြန်မာနိုင်ငံ ကို လာရောက်ခဲ့ပြီး ဇန်နဝါရီလ (၂၆) ရက်နေ့မှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင် နဲ့ ဗီဒီယိုကွန်ဖရင့်ကတစ်ဆင့် တွေ့ဆုံခဲ့ဆွေးနွေးခဲ့ကြပါတယ်။

၂၄-၄-၂၀၂၁ ရက်နေ့ မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခေါင်းဆောင်တွေ အစည်းအဝေး ပြီးတဲ့နောက်ပိုင်း ပြည်သူတွေအသက်အိုးအိမ်လုံခြုံမှု နဲ့ တရားဥပဒေစိုးမိုးရေး အတွက်အမြင့်မားဆုံး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရုံ သာမက အင်အားအနည်းဆုံး အသုံးပြုပြီး ကိုင်တွယ်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။