Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၃၁)

အကြမ်းဖက်စစ်တပ် ရဲ့ ဗိုလ်ကြီးတစ်ဦး နဲ့ ဒုဗိုလ်အရာရှိနှစ်ဦး က CDM ပြုလုပ်ပြီး တပ်ကိုစွန့်ခွာဖို့အတွက် လာရောက်ဆက်သွယ် အကူအညီတောင်းခံထားတယ်လို့ ထောက်လှမ်းရေးအေဂျင်စီ – တနင်္သာရီတိုင်းဒေသကြီး က ပြောပါတယ်။

CDM “အရာရှိတွေ ဘေးအန္တရာယ်ကင်းသောနေရာကို ရောက်သွားပါက သတင်းထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်” လို့ သူတို့က ပြောကြားခဲ့ပါတယ်။

ရေဖြူအခြေစိုက်အမြောက်တပ်ရင်း (အမတ-၃၀၄) တပ်သားတစ်ဦး ကလည်း အကြမ်းဖက်ခွေးတပ်တွေ ရဲ့ ရက်စက်ယုတ်မာမှုတွေ ကို အော့နှလုံးနာပြီး တာဝန်ဆက်လက်ထမ်းဆောင်လိုခြင်း မရှိတော့တဲ့အတွက် CDM ပြုလုပ်ကာ တပ်ကိုစွန့်ခွာခဲ့ပါသေးတယ်။

အခုအချိန်မှာ အမြောက်တပ်ရင်းက တပ်သားကို လွတ်မြောက်နယ်မြေကို ရောက်ရှိသွားပြီ ဖြစ်တယ်လို့ ထောက်လှမ်းရေးအေဂျင်စီ – တနင်္သာရီတိုင်းဒေသကြီး ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံဝန်ထမ်းတွေဟာ စစ်တပ်ရဲ့ လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့အတွက် အာဏာဖိဆန်တဲ့ အနေနဲ့ CDM ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။