ရန်ကုန်၊ ဇန်နဝါရီ (၅) စစ်ဝန်တောင် အတက်လမ်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုရင်းမှူးအပါအဝင် (၁၆) ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကရင်နီတပ်မတော်ဗဟိုဌာန Karenni Army Center က ပြောပါတယ်။ ကယားပြည်နယ်၊ ရှားတောမြို့နယ်၊ စစ်ဝန်တောင် အတက် လမ်းမကြီးပေါ်မှာ မနေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်တွေ နဲ့ ကရင်နီတပ်မတော် ကြား နှစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ဝန်တောင်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၆) ဦး ထက်မနည်း သေဆုံးခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တွေဟာ စစ်ဝန်တောင်စခန်း ကို ထားခဲ့ပြီး ထွက်ပြေးသွားတာ ဖြစ်တယ်လို့ KnACက ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေဟာ သူတို့ စစ်ကြောင်းသွားမယ့်လမ်းကို လက်နက်ကြီးနဲ့ပစ်ပြီး ရှင်းလင်းတာ၊ ဘူဒိုဇာ နဲ့ ဘက်ဟိုးယာဉ်…

read more

ရန်ကုန်၊ ဇန်နဝါရီ (၅) ကယားပြည်နယ် တိုက်ပွဲအတွင်း စစ်ကောင်စီ ရဲ့ လက်နက်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ထုတ်ပြန်လိုက်ပါတယ်။ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် နဲ့ ငွေတောင်ဆည် အနီးမှာ စစ်ကောင်စီတပ် တွေ နဲ့ ဒေသခံတိုင်းရင်းသားကာကွယ်ရေးတပ်ဖွဲ့ တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

read more

“သူ့ကျွန်ဘဝက လွတ်ခဲ့ပြီ စစ်ကျွန်ဘဝက ရုန်းထွက်ကြ” ဆိုတဲ့ ဒီနေ့ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ မနက်အစောပိုင်းမှာ ဆန္ဒပြခဲ့ကြတဲ့ မန္တလေးမြို့ က လူထုသပိတ်စစ်ကြောင်း။ Photo- Black, Poison

read more

ရန်ကုန်၊ ဇန်နဝါရီ (၄) ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် အတွင်း အာဏာသိမ်းစစ်ကောင်စီတပ် ရဲ့ ကျောထောက်နောက်ခံ အကျိုးတူ လုပ်ငန်းဖြစ်တဲ့ Myanmar ၊ Dagon နဲ့ ABC ဘီယာတွေကို ရောင်းဝယ်တာ မပြုလုပ်ဖို့ ကေအိုင်အို အစိုးရ၊ မြစ်ကြီးနားခရိုင်က ဒီနေ့မှာ သတိပေး ပြောဆိုလိုက်ပါတယ်။ အခုလ (၁၀) ရက်နေ့ နောက်ဆုံးထားပြီး မြို့တွင်း၊ မြို့ပြင်၊ ကျေးလက်ဒေသ လမ်းပိုင်းတလျှောက် သယ်ယူတာ မပြုဖို့ နဲ့ သတ်မှတ်ရက် နောက်ပိုင်းတွေ့ရှိပါက ဖမ်းဆီးအရေးယူသွားမှာ ဖြစ်လို့ ထုတ်ပြန်အရ သိရပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၄) အာဏာသိမ်းစစ်တပ် အနေနဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ မတရားထိန်းသိမ်းထားသူတွေအားလုံးကို လွှတ်ပေးဖို့နဲ့ စစ်မှန်ပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ဖို့ စစ်အာဏာရှင်ကို အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန် ထပ်မံတောင်းဆိုလိုက်ပါတယ်။ စစ်အာဏာရှင်ရဲ့ ကြောက်မက်ဖွယ်ရာ နှိပ်စက်မှုတွေကို ခံစားနေရတဲ့တိုင် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုအတွက်မျှော်လင့်ချက်ကို မစွန့်လွှတ်ကြတဲ့ မြန်မာပြည်သူတွေအတွက် အမေရိကန်ပြည်ထောင်စု ရဲ့ သန္နိဋ္ဌာန်မှာ ပြောင်းလဲမှာ မဟုတ်ဘူးလို့ မြန်မာပြည်သူတွေဆီကို အမေရိကန်ပြည်ထောင်စုကိုယ်စား လွတ်လပ်ရေးနေ့ ဆုတောင်းသဝဏ်လွှာပေးပို့တဲ့ စာထဲမှာ အခုလိုရေးသားထားတာ ဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့၊ လူ့အခွင့်အရေးကို လေးစာလိုက်နာဖို့နဲ့ မိမိတို့နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးတို့အတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ မြန်မာပြည်သူလူထုကြီးကို ဂုဏ်ပြုတယ်လို့လည်း သူက ပြောပါတယ်။ ဒီနေ့ ၂၀၂၂ ခုနှစ်…

read more

ရန်ကုန်၊ ဇန်နဝါရီ (၃) ကယားပြည်နယ်၊ ဒီးမော့ဆိုတိုက်ပွဲ နဲ့ ငွေတောင်ဆည် အနီး တိုက်ပွဲမှာ မနေ့က လွိုင်ကော် PDF ဘက်က ကျဆုံးသူ (၂) ဦး ရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေ၊ ဒေသခံတိုင်းရင်းသားတပ်ဖွဲ့ တွေ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကြား မနေ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ လွိုင်ကော် PDF သတင်းနှင့်ပြန်ကြားရေး အဖွဲ့က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒီးမော့ဆိုတိုက်ပွဲ နဲ့ ငွေတောင်ဆည် အနီး (၃) ရက်ကြာ တိုက်ပွဲ အတွင်း လွိုင်ကော် PDF က ဒဏ်ရာရရှိသူ စုစုပေါင်း (၁၂) ဦး နဲ့ ကျဆုံး ရဲဘော် (၁) ဦး ရှိခဲ့ပါတယ်။…

read more

ရန်ကုန်၊ ဇန်နဝါရီ (၃) ပီအက်စ်ဂျီတိုက်စစ်မှူး လီယွန်နယ် မက်ဆီ နဲ့ တခြားကစားသမား သုံးဦး ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတယ်လို့ ပြင်သစ်လီဂူး ၁ က ပြောပါတယ်။ မက်ဆီ နဲ့ အတူ ကူးစက်ခံထားရတဲ့ ကစားသမားတွေမှာ နောက်ခံလူ ဟွမ်ဘာနတ်၊ အရန်ဂိုးသမား ဆာဂျီယိုရီကို နဲ့ ကွင်းလယ်ကစားသမား နာသန်ဘစ်တီမာဇာလာတို့ဖြစ်ပြီး မက်စီအပါအဝင် ကစားသမားလေးဦးကို သီးခြားခွဲနေထိုင်စေတာနဲ့ သင့်လျော်တဲ့ ကိုဗစ်စည်းမျဉ်းတွေကို လိုက်နာစွာထားရှိတယ်လို့ ပီအက်စ်ဂျီ အသင်းက မနေ့က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၃) ဒီးမော့ဆိုတိုက်ပွဲ မှာ မနေ့က ဒဏ်ရာရခဲ့တဲ့ ရဲဘော်တချို့ကို MOBYE PDF Rescue Team-MPRT ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် တိုက်ပွဲအတွင်း ရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်လို့ MOBYE PDF Rescue Team-MPRT ထုတ်ပြန်ချက်အရ သိရပါတယ်။။

read more

တောင်ကိုရီးယား ကနေထွက်ပြေးပြီး မြောက်ကိုရီးယားဘက် ကို ဘက်ပြောင်းခိုလႈံတဲ့ ရွားရွားပါးပါးဖြစ်ရပ်တစ်ခု ဖြစ်ပွား ဆိုးလ်မြို့၊ ဇန်နဝါရီ (၂) တောင်ကိုရီးယား နိုင်ငံသား တစ်ယောက်ဟာ လုံခြုံရေးတင်းကြပ်ပြီး အခိုင်အမာတည်ဆောက်ထားတဲ့ နယ်စပ်ကိုဖြတ်သန်းပြီး မြောက်ကိုရီးယား ဘက်ကို ဘက်ပြောင်းခိုလႈံတဲ့ ရွားရွားပါးပါးဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ် က ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။ “ည ၁၀ နာရီ ၄၀ မိနစ် မှာတော့ ဒီလူဟာ စစ်ဘက်ဆိုင်ရာ နယ်နိမိတ်မျဉ်းကို ဖြတ်ကျော်ပြီး မြောက်ဘက်ကို ဘက်ပြောင်းသွားတာကို ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်” လို့ JCS က ပြောပါတယ်။ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က စနေနေ့ည ဒေသစံတော်ချိန် (၉) နာရီ (၂၀) မိနစ်က စတင်ပြီး ကိုရီးယား…

read more

ရန်ကုန်၊ ဇန်နဝါရီ (၂) စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း မှာရှိတဲ့ ညောင်ပင်ကြီးရဲစခန်းကို မုံရွာခရိုင်တပ်ရင်း (၂) က ဦးဆောင်တိုက်ခိုက်လိုက်လို့ စစ်ကောင်စီဘက်တော်သား (၁၀) ဦး သေဆုံးသွားခဲ့တယ်လို့ ကနဦး သတင်းတွေအရ သိရပါတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်နေတယ်ဆိုတဲ့ သတင်းကို ရရှိထားတဲ့အတွက် အခုလို မုံရွာခရိုင်တပ်ရင်း (၂) နဲ့ ဆားလင်းကြီး GZ Local PDF အဖွဲ့တွေက ဦးဆောင် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ တိုက်ပွဲအတွင်း အပြစ်မဲ့ပြည်သူတစ်ဦး နှလုံးရောဂါအမောဖောက်ပြီး ကျဆုံးသွားတာကို ကြားသိရတဲ့အတွက်လည်း မုံရွာခရိုင်တပ်ရင်း (၂) က များစွာ စိတ်မကောင်းဖြစ်ရတယ်လို့လည်း သူတို့အဖွဲ့က ပြောပါတယ်။

read more