ရန်ကုန်၊ဇန်နဝါရီ(၂၂) စစ်ကောင်စီအဖွဲ့တွေဟာ လေကြောင်း နဲ့ လက်နက်ကြီး ပစ်ကူရယူပြီး ကယားပြည်နယ် အတွင်းတိုက်ခိုက်ခဲ့ပေမယ့် အဲ့ဒီတိုက်ခိုက်မှုတွေဟာ အပြစ်မဲ့အရပ်သားတွေကို တိုက်ခိုက်တာမဟုတ်ဘူး လို့ စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာန က ငြင်းဆိုလိုက်ပါတယ်။ အခု ဇန်နဝါရီလအတွင်းမှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကို အကြမ်းဖက်စစ်တပ် က လေယာဉ်တွေ အသုံးပြုတိုက်ခိုက်ခဲ့တာ နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန က အခုလိုငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ PDF အဖွဲ့တွေဟာ လူနေရပ်ကွက်တွေ အတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့တာ၊ ဘာသာရေးအဆောက်အအုံတွေ၊ အစိုးရပိုင် အဆောက်အဦးတွေကို တိုက်ခိုက်ခဲ့ပြီး ပြည်သူတွေကိုလည်း လူသားတံတိုင်းလို့ အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြန်လည်တိုက်ခိုက်ခဲ့ရာမှာတော့ ပြည်သူတွေထိခိုက်မှုမရှိစေဖို့ အတတ်နိုင်ဆုံး ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သူတို့ရဲ့တိုက်ခိုက်မှုကြောင့် လွိုင်ကော်အကျည်းထောင်…

read more

“စစ်ကျွန်ပညာရေးဖျက်သိမ်းပစ်” ဆိုတဲ့ စာတန်းကို ကိုင်ဆွဲပြီး ဒီနေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့ ပြည်သူတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၂) စစ်ကောင်စီက သေနတ်တွေနဲ့ အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ပြည်သူတစ်ဦး ဦးခေါင်းသေနတ်ထိမှန် သေဆုံးသွားခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဒီနေ့မှာ ပြောဆိုလိုက်ပါတယ်။ အခုလ ဇန်နဝါရီ (၂၀) ရက်နေ့ ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ- ချောင်းဦးလမ်း တစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီး (၄) ချက်၊ သေနတ်အချက်အပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူတစ်ဦး ဦးခေါင်းသေနတ်ထိမှန် သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CHUPDF က ပြောပါတယ်။ “ပြည်သူတစ်ဦး ဦးခေါင်းသေနတ်ထိမှန် သေဆုံးကြောင်းကြားရတာ ကျွန်ုပ်တို့ညီနောင်အဖွဲ့တွေ အနေနဲ့ စိတ်မကောင်းခြင်းများစွာ နဲ့ ဝမ်းနည်းကြေကြွဲရတယ်” ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ပြည်သူတွေအနေနဲ့ စစ်ကောင်စီ အကြမ်းဖက် လက်နက်ကိုင်တွေရဲ့ အနီးဝန်းကျင်ကို သွားလာ…

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၂) ခုခံတော်လှန်စစ် ဆင်နွှဲနေတဲ့ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ မှာ လျှပ်စစ်မီတာခကောက်ခံဖို့ ကြောက်ရွံ့နေတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ထမ်းတွေပြောပါတယ်။ “ဒီနေ့အထိ မီတာခကောက်ဖို့ ရွာတွေကို မသွားရဲကြဘူး၊ မီးကြိုးတွေ သွယ်တုန်းက ဝန်ထမ်းအသတ်ခံရတယ် တရားခံလည်းမပေါ်ဘူး၊ ဘယ်သူကမှ အရေးတယူ ဆောင်ရွက်ပေးတာမရှိဘူး၊ လူသာသေသွားတယ် ဘာမှလည်းမလုပ်ပေးနိုင်ဘူး ဒါကြောင့် မီတာခတွေ လိုက်မကောက်တာကြာပြီ” လို့ အခြေအနေအရ ဝန်ထမ်းဆက်လက် လုပ်ကိုင်နေရသူတစ်ဦး က ပြောပါတယ်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ ရေစကြို PDF အဖွဲ့က ရဲကင်းစခန်း (၂) ခု ကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ရေစကြိုမြို့နယ်၊ ရပ်ကွက်၊ ရပ်ကျေး အုပ်ချုပ်ချုပ်ရေးမှူးတွေ တာဝန်ကနေ နှုတ်ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။ “ပိုက်ဆံရဖို့ မီတာခကောက်ခိုင်းတယ်၊…

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၁) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ နဲ့ ချင်းပြည်နယ် ကို ဆက်သွယ်ထားတဲ့ လမ်းမပေါ်မှာရှိတဲ့ ဟိန်ဇင်ရွာ တိုက်ပွဲ မှာ အကြမ်းဖက်စစ်သား (၁၅) ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရှိခဲ့တယ်လို့ ပြောပါတယ်။ ဒီနေ့ မနက် (၁) နာရီကျော်က ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်တွေဖြစ်တဲ့ CDM Siyin, PDF Zoland, Kalay PDF 3 , Kalay PDF 8, Kalay PDF 9, PDA,Zongam Army, CDF KKG-2 တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် ဘက်က ရဲဘော် (၂) ဦး ကျည်မှန်ဒဏ်ရာ ရထားပေမယ့်…

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၁) စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် အတွင်းက ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီ က ပေးတဲ့ ပျူစောထီးသင်တန်း ကို တက်ရောက်ပါက ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမယ်လို့ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတိပေးပြောကြားလိုက်ပါတယ်။ “ပြည်သူတွေကို ဒီလောက်ရက်ရက်စက်စက် သတ်ဖြတ်လုယက်ဖျက်ဆီးပြနေတာတောင် စခတွေ နဲ့ ပေါင်းချင်သူတွေ ရှိသေးတယ်ဗျ၊ ကျနော်တို့ ရွာက အစိမ်းအဖွဲ့တွေဆို ပျူသင်တန်းတက်မလို့တဲ့ ပြောနေတာ၊ ဦးကျော်ဆန်းရွာ(နွယ်အင်းရွာ)မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်က ရွာကမိန်းကလေးတွေကို မုဒိမ်းကျင့်တဲ့ သတင်းလဲထွက်နေတယ်။”လို့ ပုလဲမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။ အကြမ်းဖက်စစ်ကောင်စီ က ပုလဲမြို့နယ် အတွင်းမှာ ရှိတဲ့ ပျူစောထီးတွေကို စစ်သင်တန်းပေးဖို့ ကြိုးစားနေပြီး ပြည်သူကို မျက်နှာမမူဘဲ အကြမ်းဖက် စစ်ကောင်စီ နဲ့ ပူးပေါင်းပါက မိသားစုလုံခြုံရေးကိုပါ…

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၁) တပ်မတော် အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ အညီ ဒီမိုကရေစီလမ်းကြောင်း ပေါ်မှာသာ ဆက်လက်လျှောက်လှမ်းနေတာဖြစ်ပြီး တတ်နိုင်သမျှ ထိန်းသိမ်း ဆောင်ရွက်နေတာ ဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။ တိုင်း နဲ့ ပြည်နယ် တချို့ကို စစ်အုပ်ချုပ်ရေးအမိန့်တွေ သတ်မှတ်ရာမှာလည်း အလွန်ဆိုးရွားသည့်နယ်မြေတွေကိုသာ စစ်အုပ်ချုပ်ရေးအမိန့်တွေ သတ်မှတ်ခဲ့တာ ဖြစ်တယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး မှာ သူက အခုလို ပြောကြားခဲ့ပါတယ်။ နိုင်ငံရေးနှင့် ပတ်သက်ပြီး တပ်မတော် အနေနဲ့ စတင်တာဝန်ယူချိန်က ဆူပူမှုတွေ မရှိသလောက် နည်းပါးခဲ့ပေမယ့် ဖေဖော်ဝါရီ (၃) ရက် နောက်ပိုင်းမှာ ဆန္ဒပြမှု တွေ…

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၁) စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် က သတင်းပေးဒလန်လို့ သတ်မှတ်ခံထားရတဲ့ မောင်ဝင်းကို ကို သေဒဏ်ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ တောကြီးမြွေပွေးတပ်ဖွဲ့ က ပြောပါတယ်။ သတင်းပေးဒလန် လို့ သတ်မှတ်ခံထားရတဲ့ မောင်ဝင်းကို ကို ရှိန်းမကားရွာ နဲ့ ရွာသစ်ရွာ ကြားမှာ ခွေးတို့ရဲ့ သွားရာလမ်းအတိုင်း ပို့ဆောင်ပေးခဲ့ပြီး ဒလန်တွေအတွက် အပစ်ဒဏ် ဟာ သေဒဏ် ဖြစ်တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ မောင်ဝင်းကို ကို တောကြီးမြွေပွေးတပ်ဖွဲ့ နဲ့ ဗိုလ်တေဇတပ်ဖွဲ့ က ပူးပေါင်းရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၈) ရက်နေ့ကလည်း တောကြီးမြွေပွေးတပ်ဖွဲ့ နဲ့ ဗိုလ်တေဇတပ်ဖွဲ့ ဟာ သတင်းပေးဒလန်အဖြစ် သတ်မှတ်ခံထားရတဲ့ လင်မယားနှစ်ဦးဖြစ်တဲ့ ကိုကျော်ဆွေ…

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၁) စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ရွာမိဿရွာ ကို ဒီနေ့ မနက် ၉ နာရီလောက်ကစလို့ အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ စိုက်ပျိုးရေးခြံ က အင်အား (၂၀) ဝန်းကျင် နဲ့ ချမ်းသာရွာ က အင်အားတွေ ပေါင်းပြီး မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်သားတွေ ရမ်းသမ်းပစ်ခတ်ပြီး ရွာတွေထဲကို ဝင်ရောက်လာလို့ ရွာမိဿရွာ နဲ့ တခြားအနီးအနားရွာက ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ မုံရွာမြို့နယ်တောင်ဘက် မအူကျေးရွာ နဲ့ လယ်ဇင်ကျေးရွာ ကြားမှာရှိတဲ့ တောင်သူတွေရဲ့ တောင်ယာစောင့်တဲတွေကို ဒီနေ့မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ် က မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ အကြမ်းဖက်စစ်တပ် ဟာ သူတို့ ချီတက်ရာလမ်း…

read more

ရန်ကုန်၊ဇန်နဝါရီ(၂၁) စစ်အာဏာသိမ်းပြီးနောက် သေဆုံးခဲ့ရတဲ့ ပါတီဝင်တွေအတွက် အထိမ်းအမှတ်ကျောက်တိုင် တစ်ခုပြုလုပ်နေတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် ကပြောပါတယ်။ “ကျဆုံးသွားတဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသွားတဲ့ပါတီဝင်တွေရှိတယ်လေ။ ပါတီဝင်တွေအတွက် သမိုင်းမှတ်တမ်းတင်တဲ့ အထိမ်းအမှတ်ကျောက်တိုင်ပေါ့နော် ဒီကာလတွေမှာ ဒီလိုမျိုး မတရားပြုကျင့်မှုတွေကြောင့် သေဆုံးခဲ့ကြတဲ့သူတွေကို သမိုင်းမှတ်တမ်းတင် အထိမ်းအမှတ်ကျောက်တိုင် သဘာမျိုးပေါ့။ ကျွန်တော်တို့ ဒီလိုအကြမ်းဖက်မှုတွေကို အားမပေးဘူး။ အကြမ်းဖက်ကြောင့် သေဆုံးသွားပါတီဝင်တွေ ကိုလည်း ကျွန်တော်တို့က သတိတရပေါ့နော်၊ နောင်ကို ဒီလိုဖြစ်စဉ်မျိုးမရှိအောင် အစတုန်းက ဒီလိုလုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချခဲ့တယ်ဆိုတာကို သိရဖို့ပါ” လိုတယ်လို့ နေပြည်တော်သတင်းဌာန တစ်ခုနဲ့ အင်တာဗျူးချိန်မှာ သူကပြောဆိုခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်ကအာဏာသိမ်း တာကို ထောက်ခံကြိုဆိုပြီး စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်ပါဝင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်တွေ နဲ့ စစ်အာဏာရှင်ကို လက်မခံတဲ့ ပြည်သူတွေကြားမှာ တင်းမာမှုတွေ ရှိနေခဲ့တာပါ။…

read more