ရန်ကုန်၊ ဇန်နဝါရီ (၁၆) ဒီနေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ EPC ရုံး မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ ဖောက်ခွဲမှုကို ပြည်သူ့ကာကွယ်ရေးမြို့ပြပျောက်ကျားတပ်ဖွဲ့ (YGN) Dark Shadow ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ “စစ်ကောင်စီလက်အောက်ခံ ဒေါက်တိုင်များနှင့် ဒလန်များအား ရှင်းလင်းသုတ်သင် သွားမယ်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် လူသတ်စစ်ကောင်စီအားကျည်ဆံဖိုးများ မထောက်ပံ့ပေးကြရန်နှင့် တရားဝင်ဒီမိုကရေစီအစိုးရ ကျမှသာပြန်လည် ပေးသွင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။” လို့ Dark Shadow ဒီနေ့ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းပြောဆိုထားပါသေးတယ်။ အခုလ (၈) ရက်နေ့ မနက်ပိုင်းကလည်း Dark Shadow အဖွဲ့ဟာ လမ်းမတော်မြို့နယ် ရဲစခန်း ကို ပေါက်ကွဲမှု ပြုလုပ်ခဲ့ပါသေးတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၆) စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ မန္တလေး-ဗန်းမော်ကားလမ်း ပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ အကြမ်းဖက်စစ်တပ် အရာရှိအပါအဝင် စစ်သား (၁၅) ဦးထက်မနည်း သေဆုံးခဲ့ပြီး စစ်ကားတစ်စီးပျက်စီးခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေဆီက သိရပါတယ်။ မနေ့က ဇန်နဝါရီ (၁၅) ရက်နေ့ မနက်ပိုင်း က ထီးချိုင့်မြို့နယ်၊ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း၊ မန္တလေး-ဗန်းမော်ကားလမ်း၊ ပေါက်နက်ရွာ အနီးမှာ အကြမ်းဖက်စစ်ကောင်စီ ယာဉ် (၄) စီး ကို ထီးချိုင့် PDF က မိုင်းဆွဲတိုက်ခိုက်ရာမှာ ကားတစ်စီး ပျက်စီး သွားခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ ကားတွေကို တုံလုံရွာ အနီးမှာ ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ Kathar Revolution- IR က…

read more

ရန်ကုန်၊ဇန်နဝါရီ(၁၆) ရန်ကုန်မြို့၊ အလုံမြို့နယ်၊ စောရန်ပိုင်ရပ်ကွက်၊ ထော်လီကွေ့ အနီးက ထူးဆီဆိုင်မှာ ဒီနေ့မနက်အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “မနက် (၄) နာရီလောက်မှာ၊ ပေါက်ကွဲသံလို အသံအကျယ်ကြီးကြားတယ် ဗုံးပေါက်တယ်လို့ ထင်နေတာ၊ နောက်မှ ထူးဆီဆိုင် မီးလောင်တယ်ဆိုပြီး သိရတယ်၊ ဘာကြောင့်လောင်တယ် ဆိုတာတော့မသိဘူး၊ အဆောက်အဆုံတွေတော့ပျက်စီးသွားတယ်၊ အဲ့နားကလူတွေ အကုန်လန့်ပြီး ပြေးကြရတယ် ဆီဆိုင်ဆိုတော့ ပတ်ဝန်းကျင် မီးကူးမှာ ကြောက်လို့လေ” လို့ အလုံမြို့နယ် အတွင်းမှာ နေထိုင်သူတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။ မီးလောင်ကျွမ်းတာနဲ့ ပတ်သက်ပြီး (၄:၂၅) အချိန် မီးထိန်းကာ (၄:၃၀) အချိန်မီးငြိမ်း ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ က လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

read more

ရန်ကုန်၊ဇန်နဝါရီ(၁၅) ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ မှာ နိုင်ငံသားမှတ်ပုံတင် တစ်ခုထဲနဲ့ (၂) ကြိမ်မဲပေးခဲ့သူတွေ နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဟောင်း (၂၄၈၇) ဦး ကို ဥပဒေအရ တရားစွဲဆိုသွားမှာ ဖြစ်တယ်လို့ စစ်ကောင်စီက ပြန်လည်ခန့်အပ်ထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က ပြောဆိုလိုက်ပါတယ်။ “တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေက မဲစာရင်းတွေကို စီစစ်လိုက်တော့ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုထဲကို မဲစာရင်း (၂) ကြိမ် (၃) ကြိမ် နဲ့ အထက်ပါဝင်နေတဲ့သူတွေကို တွေ့ရပါတယ်၊ နိုင်ငံသားစိစစ်ရေးကတ်တူ အမည်တူ မဲပေးသူပေါင်း (၂၁၆၉) ဦးကို အရေးယူနိုင်ရေး တိုင်ကြားတရားစွဲဆိုတာတွေ ဆောင်ရွက်နေပြီး ဆက်လက်ပြီးတော့ တိုက်ဆိုင်စစ်ဆေးဆဲဖြစ်တယ်” လို့ မနေ့က ဇန်နဝါရီလ(၁၄)ရက်နေ့မှာ ပြုလုပ်တဲ့…

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၅) မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ (၃၅) လမ်း၊ (၈၆) လမ်း နဲ့ (၈၇) လမ်း ကြားက EPC ရုံး ရှေ့မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေ က မနေ့ညပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ “ပစ်ခတ်ချိန် လမ်းလျှောက်နေတေဲ့ စစ်ကောင်စီ တစ်ကောင် လှဲကျသွားတယ် ကျန်တစ်ကောင်က သဲအိပ်ဘန်ကာအောက်ကို ဝင်ပုန်းတာလား ကျွန်တော်တို့ပစ်လို့ လှဲကျသွားတာတော့ အတည်မပြုနိုင်ပါသေးဘူး။” Phoenix-အထူးပြောက်ကျားတပ်ဖွဲ့ က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်လင်းယုန် က ပြောပါတယ်။ ပစ်ခတ်တိုက်ခိုက်ခဲ့လိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ “စစ်ကောင်စီတွေ အနေနဲ့ သတ္တိရှိရင် မောင်းပြန်ချင်း ယှဉ်ပစ်မယ်။ လက်နက်မရှိတဲ့ အပြစ်မဲ့ပြည်သူတွေကို လက်နက်ပြပြီး အနိုင်ကျင့်တဲ့လုပ်ရပ်တွေကို…

read more

ရန်ကုန်၊ဇန်နဝါရီ(၁၅) စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် အတွင်းမှာ အကြမ်းဖက်စစ်တပ် က မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာအတွင်းက ပြည်သူတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ စုပေါင်းပြီး မနေ့က ဇန်နဝါရီ (၁၄) ရက်နေ့မှာ သွားရောက်ကူညီလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာ နဲ့ နဘက်ကျေးရွာ က မီးဘေးသင့်ပြည်သူတွေကို Myaung Union Army-MUA ၊ အမျိုးသမီးပြောက်ကျား စစ်သည်တော်များအဖွဲ့(မြောင်)-M2W နဲ့ မြောင်မြိုနယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOM က ပူးပေါင်းကူညီလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၁)ရက်နေ့မှာ နဘက်ကျေးရွာက နေအိမ်(၆)လုံး နဲ့ ဆွဲလဲအိုကျေးရွာ က နေအိမ်(၁၃) လုံးကို စစ်ကောင်စီလက်အောက်ခံ စစ်သားတွေက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို…

read more

“ကျွန်တော်တို့က ခွေးတွေလုပ်တဲ့ အကျင့်ကို မကြိုက်လို့တော်လှန်နေတာလေ။ သူတို့လုပ်တဲ့ လမ်းကြောင်းအတိုင်း ဝင်သွားမှာပေါ့။ ငါနဲ့မတူ ငါရန်သူဆိုပြီး ဖြစ်သွားမယ်။ လက်ရှိသူတို့သာလျှင် ဒီအိမ်က PDF တစ်ယောက်ရှိတယ်ဆိုရင် မိသားစုရော ကလေးရော ဖမ်းတယ်။ ဒီအိမ်မှာ ဒလန်တစ်ယောက်ရှိလို့ ကျွန်တော်တို့ လက်ရှိအချိန်ထိ မိသားစုလိုက် မသတ်သေးပါဘူး။ ရဲဆိုပြီးတော့လည်း ရဲအဖေ၊ အမေနေတာကို ဒလန်မဟုတ်ဘဲနဲ့ မသတ်ပါဘူး။ ဒါကျွန်တော်တို့ UG တွေရဲ့ စည်းကမ်းပါ။” လို့ ပြည်သူ့ကာကွယ်ရေးတပ်မဟာ Llttle Hero ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုပိုင် က ပြောပါတယ်။

read more

ရန်ကုန်၊ဇန်နဝါရီ(၁၅) ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပတ်ဆိုခွန် ကအရင်ဘရူးနိုင်းကိုယ် စားလှယ်ရဲ့ချဉ်းကပ်မှုဟာ ဖြစ်ထွန်းမှုမရှိတဲ့အတွက် အရင်နဲ့မတူတဲ့ပုံစံမျိုးနဲ့မြန်မာနိုင်ငံရေးကိုဖြေရှင်းရာမှာ ချဉ်းကပ်မှာဖြစ်တယ်လို့ပြောဆို လိုက်ပါတယ်။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုသလို ဖြစ်သွားနိုင်တယ်လို့ ဝေဖန်မှုတွေရှိနေချိန်မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိတယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ ကမ္ဘောဒီးယားကို အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် သဘောတူပြီးသားပါ၊ မြန်မာကိုမသွားခင် တခြားအာဆီယံ ခေါင်းဆောင်တွေနဲ့ တိုင်ပင်ပြီးသူတို့အမြင်တွေကို မေးခဲ့ဖို့ကောင်းတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွစ်ဆရီ ဆာအိဖက်ဒင် အဘ္ဘဒူလာ ကပြောပါတယ်။ ဘရူနိုင်းနိုင်ငံ အလှည့်ကျဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ချိန်က အာဆီယံအထူးကိုယ်စားလှယ် ‌စေလွှတ်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံခွင့်တောင်းခံခဲ့ပေမယ့် စစ်ကောင်စီအဖွဲ့က တွေ့ဆုံခွင့်မပေးခဲ့တာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ စစ်ခေါင်းဆောင် ကိုတက်ရောက်ခွင့်မပြုခဲ့တာဖြစ်ပါတယ်။…

read more

“ကျွန်တော်တို့မှာ အားကိုးစရာဆိုလို့ ပြည်သူဘဲရှိတယ်” ဆိုတဲ့ မန္တလေးမြို့ က ညနေခင်းသပိတ်စစ်ကြောင်း Photo- Revolution By Heroes

read more

ရန်ကုန်၊ ဇန်နဝါရီ(၁၄) တစ်နိုင်ငံလုံး အတိုင်းအတာအနေ နဲ့ ငြိမ်းချမ်းရေးရရှိမှသာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ ဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။ ငြိမ်းချမ်းရေးမရရှိပါက မှန်ကန်မျှတတဲ့ ရွေးကောက်ပွဲပြုလုပ်နိုင် မှာ မဟုတ်ပါဘူး။ လက်နက်ကိုင် အဖွဲအစည်း အားလုံး ဥပဒေ နဲ့ အညီ ပါဝင်လာမှသာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ ဖြစ်တယ်၊ အခုနှစ် ၂၀၂၂ ခုနှစ်မှာ ငြိမ်းချမ်းရေးရရှိစေဖို့ အထူးအလေးထား ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ မနေ့က တနင်္သာရီတိုင်းဒေသကြီး အစည်းအဝေးပွဲမှာ သူက ပြောကြားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း…

read more