Spread the love

ရန်ကုန်၊ဖေဖော်ဝါရီ(၁)

“နိုင်ငံတော်ကာကွယ်ရေး ဆိုတာ ပြည်သူတွေကို ကာကွယ်ရန် ဖြစ်ပြီး မင်းမဲ့စရိုက် အဖြစ်မခံနိုင်ပါဘူး။ လျစ်လျူရှုလို့လည်း မရပါဘူး။ ဒါကြောင့် တချို့နေရာတွေမှာ စွန့်စားပြီး ပေးဆပ်ကာကွယ်ခဲ့ရတယ်” လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ပြောဆိုလိုက်ပါတယ်။

အာဏာသိမ်းတာ(၁)နှစ်ပြည့်တဲ့ ဒီနေ့မှာ ပြောကြားတဲ့မိန့်ခွန်းမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အခုလို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ခေတ်အဆက်ဆက် နိုင်ငံ့ကာကွယ်ရေး တာဝန်တွေကို ပြည်သူနဲ့ပူးပေါင်းပြီး ဦးလည်မသုန် ဆောင်ရွက်ခဲ့သလို အခု (၁၀) နှစ်အတွင်းမှာလည်း ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပီပြင် ခိုင်မာရေးအတွက် တတ်စွမ်းသလောက် သစ္စာရှိရှိဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီလမ်းစဉ်အတိုင်း ကတိတည်စွာနဲ့ ဆောင်ရွက်သွားမယ်” လို့ သူက ပြောဆိုခဲ့ပါသေးတယ်။

တပ်မတော်ဆိုတာ ကိုယ်ကြိုးရှာတဲ့အဖွဲ့၊ အဖွဲ့အစည်းတစ်ခုအတွက် တည်ရှိနေတဲ့ အဖွဲ့အစည်းမဟုတ်ဘဲ ပြည်ထောင်စု တိုင်းရင်းသားအားလုံး ကို အကာအကွယ်ပေးဖို့ တည်ရှိနေတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ပြည်တွင်း၊ ပြည်ပ အကြမ်းဖက်သမားတွေနဲ့ သူတို့ကို အားပေးနေတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေရဲ့ လိုလားချက်ဟာ ဒီမိုကရေစီထက် မြန်မာနိုင်ငံ အလုံးစုံပျက်သုဉ်းရေးကိုသာ ဦးတည်နေတယ်လို့ သူက စွပ်စွဲပြောဆိုခဲ့ပါသေးတယ်။