Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၃)

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဗိုလ်တေဇရပ်ကွက်၊ ဘီးလင်း – နတ်ကြီး- ဖာပွန် လမ်းပေါ်က တံတားအနီးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အမည်မသိလူတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

မနေ့ မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာအနီးဝန်းကျင်မှာ အပိုင်းပိုင်းပြတ်နေတဲ့ အသားစတွေ၊ လည်ပင်းအထိပါတဲ့ ဦးခေါင်းတစ်လုံး နဲ့ မိုင်းထောင်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတချို့ကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံပြည်သူတစ်ဦးက ပြောဆိုလိုက်ပါတယ်။

သေဆုံးသွားသူရဲ့ ရုပ်အလောင်း ခန္ဓာကိုယ်မှာ အပိုင်းပိုင်းပြတ်သွားတဲ့အတွက် မည်သူမည်ဝါဆိုတာ အတည်မပြုနိုင်သေးလို့ ဒေသခံပြည်သူတွေက ပြောပါတယ်။