Spread the love

ရန်ကုန်၊ဖေဖော်ဝါရီ(၃)

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ညောင်ကွဲရပ်ကွက်က ဒလန်လို့ နာမည်ထွက်နေတဲ့ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်တဲ့ ဦးစံလှိုင် ကို အမည်မသိသူတွေက ဒီနေ့မှာသေနတ်နဲ့ ပတ်ခတ်ခဲ့တဲ့အတွက် သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

“အသက်ကကြီးနေပြီ၊ ရပ်ကွက်ထဲက လောင်းကစားဝိုင်းတွေမှာ ဆက်ကြေးကောက်ပြီး ရဲနဲ့ပေါင်းစားနေတာ၊ စစ်မှုထမ်းဟောင်းဆိုပြီး စွာကျယ်စွာကျယ်တော့ လုပ်တတ်တယ်၊ သူ့သမီးအိမ်မှာ ဈေးဆိုင်ဖွင့်ထားတာ အဲ့ဆိုင်မှာ ထိုင်နေတုန်း လာပစ်သွားတာ” လို့ အမည်မဖော်လိုတဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဦးစံလှိုင် နေရာမှာတင်သေဆုံးခဲ့ပေမယ့် ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်လည်းဆိုတာကိုတော့ ထုတ်ပြန်ကြေညာထားတာမရှိသေးပါဘူး။

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း စစ်တပ်နဲ့ ဆက်နွယ်သူတွေ သတင်းပေးဒလန် လုပ်သူတွေကို ပြည်သူ့တော်လှန်ရေးအင်အားစုတွေက ရှင်းလင်းလေ့ရှိပြီး သတင်းပေးဒလန် အဖြစ် လုပ်ဆောင်နေတာ သေချာသူတွေကိုသာ ရှင်းလင်းလေ့ရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေက ကြေညာထားပါတယ်။