Spread the love

ရန်ကုန်၊ဖေဖော်ဝါရီ(၃)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ရဲစခန်း ကို ဒေသခံPDF နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

“မနက်(၃)နာရီလောက်မှာ ဝင်တိုက်တာ၊ ဟိုဘက်ဒီဘက် ပစ်သံတွေကြားရတယ်၊ နာရီနဲ့ ချီပြီကြာတယ်၊ ရဲဘက်က(၂)ယောက်သေပြီး အဖမ်းခံရတာတွေလည်းရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မော်ဟန်ကျေးရွာဟာ နန့်စီအောင် နဲ့ မိုးညှင်းမြို့ ကြားမှာတည်ရှိပြီး ပြီးခဲ့တဲ့မေလအတွင်းမှာလည်း စစ်ကောင်စီသတင်းပေးလို့ လူပြောများနေတဲ့ ဦးတင်ဇောယု နဲ့ တောင်စိမ်းမှော် က အမျိုးသားတစ်ဦး ကိုအမည်မသိသူတွေက ပစ်ခတ်လို့ သေဆုံးခဲ့ပါသေးတယ်။