Spread the love

ရန်ကုန်၊ဖေဖော်ဝါရီ(၃)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က (၆)လ သက်တန်းတိုးတာကို ထောက်ခံတယ်လို့ USDP အပါအဝင် ပါတီ(၂၅)ခုက မနေ့က နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြည်တွင်းပြည်ပ အဖျက်အင်အားစုတွေက နှစ်ပေါင်းများစွာ စီမံချက်နဲ့ ဖျက်ဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို (၁) နှစ်တာအတွင်း ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ဖို့အတွက် အချိန်မလုံလောက်တာကို ရိုးသားစွာယုံကြည်တယ်လို့ ပါတီ(၂၅)ခုက ပူးတွဲသဘောထားထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၃၁)ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသားကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီအစည်းအဝေး မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကို (၆)လသက်တန်းတိုးတဲ့အကြောင်း စစ်ကောင်စီက ကြေညာခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ PR စနင်ကျင့်သုံးမှာဟာ ရရှိတဲ့ဆန္ဒမဲအရေအတွက်နဲ့ ကိုယ်စားလှယ်အချိုးအစား အလွန်နီးကပ်စွာ အချိုးကြရရှိနိုင်တဲ့ အတွက် PR စနစ်ကို ကျင့်သုံးဖို့ ထောက်ခံတယ်လို့ ရးသားထားပါတယ်။

စစ်ကောင်စီက အာဏာသိမ်းထားတဲ့(၁)နှစ်တာ ကာလအတွင်း လုံခြုံရေးတာဝန်တွေကို အသက်နဲ့ရင်းပြီး နေ့/ ည အပင်ပန်းခံဆောင်ရွက်နေတာတွေနဲ့ ပြည်သူတွေပူးပေါင်းပါဝင်ခဲ့လို့ လုပ်ဆောင်နိုင်ခဲ့တဲ့ကိစ္စရပ်တွေဟာ မှတ်တမ်းတင်ရမယ့် အောင်မြင်မှုဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းမှာလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP က ဦးဆောင်ပြီးပါတီ(၁၇)ခုက အာဆီယံအစည်းအဝေးတွေနဲ့ ပတ်သက်ပြီး ကန့်ကွက်စာ ထုတ်ပြန်ခဲ့ပါသေးတယ်။