ရန်ကုန်၊ ဖေဖော်ဝါရီ (၅)
ဖက်ဆစ်စစ်တပ် နဲ့ တစ်လကျော်ကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ ဗမာ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA ဘက်က ရဲဘော်နှစ်ဦးမှာ အသက် (၁၈) နှစ်အရွယ်တစ်ဦးက ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရပြီး ကျန်တစ်ဦးမှာ မိုင်းစထိမှန်ခဲ့တယ်လို့ ဒီနေ့မှာ ပြောပါတယ်။
“အခုလတ်တလော ရဲဘော်တို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေက
အနာဂတ်မျိုးဆက်သစ်အတွက်ဖြစ်စေ၊ တိုင်းပြည်အနာဂတ်အတွက်ဖြစ်စေ အနစ်နာခံရတယ် အရာတွေ ဖြစ်တယ်ဆိုတာကို ရဲဘော်တို့အနေနဲ့ နားလည်ထားရမှာ ဖြစ်တယ်” လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဒုတိယစစ်ဦးစီးချုပ်၊ ဒုတိယဗိုလ်ကြီးချုပ် ဘောကျော်ဟဲ က ပြီးခဲ့တဲ့လက အခုလိုပြောကြားခဲ့ပါသေးတယ်။
ဖက်ဆစ်စစ်တပ် နဲ့ KNLA၊ BPLA၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား တစ်လကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်ပါတယ်လို့ ဒီနေ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အခုချိန်ဟာ စစ်အာဏာရှင်တွေ အားနည်းနေတဲ့ အချိန်ဖြစ်တဲ့အတွက် အာဏာရှင်စနစ်ကို အမြစ်ပြတ်ခြေမှုန်းဖို့ အချိန်ကောင်းဖြစ်တယ်လို့ ဒုတိယဗိုလ်ကြီးချုပ် ဘောကျော်ဟဲ တိုက်တွန်း ပြောဆိုထားပါတယ်။