ရန်ကုန်၊ ဖေဖော်ဝါရီ (၅)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ဝင်းမနားနယ်မြေရဲစခန်း နဲ့ ဝင်းမနား အထကကျောင်း မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေကို PDF တွေက တိုက်ခိုက်ခံလိုက်လို့ အကြမ်းဖက်စစ်သား (၂၅) ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ် လက်အောက်ခံ ဝင်းမနားနယ်မြေ ရဲစခန်းပျက်စီးခဲ့သလို
အကြမ်းဖက်စစ်သား နဲ့ ရဲ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်လို့ ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဒီနေ့မှာ လူမှုကွန်ယက်ကတစ်ဆင့် ပြောဆိုလိုက်ပါတယ်။
ပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားရာ နေရာအနီးအနားကို သွားတဲ့အခါ သတိ ဝီရိယနဲ့ သွားလာနေထိုင်ကြဖို့ တိုက်တွန်းထားသလို တော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာက ပါဝင်ကူညီပေးကြဖို့ကိုလည်း သူတို့အဖွဲ့ က မေတ္တာရပ်ခံထားပါတယ်။
တိုက်ပွဲအတွင်း ပြည်သူ့တော်လှန်ရေးရဲဘော် (၃) ဦးကျဆုံးခဲ့သလို (၁၀) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အကြမ်းဖက်တပ်ဖွဲ့ဝင်တွေ ကို မနေ့ ည (၁၀) နာရီကျော်က ကနီမြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ KPDF-1၊ M&K The Boys၊ ဒီပဲယင်း PDF ၊ ကနီ PDF၊ ရွှေတြိဂံတပ်ရင်း၊ ဒေသတွင်း မဟာမိတ် ညီနောင်တပ်ဖွဲ့တွေ ၊ မဟာမိတ်ညီနောင် EAO တပ်တွေ နဲ့ ဒေသခံ ပ.က.ဖအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။