Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၇)

စစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Mytel Tower ကို မီးရှို့ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့တယ်လို့ အရပ်ဘက်ပြောက်ကျားတပ်ဖွဲ့ – YGN က ပြောပါတယ်။

အခု mission ဟာ မတရားဖမ်းဆီးခြင်းခံရတဲ့ CGF-YGN က ရဲဘော်တွေအတွက် လက်တုံ့ပြန်တာ၊

ပြည်သူတွေကို ဥပဒေမဲ့ VPN စစ်ဆေးပြီး ငွေညစ်နေတဲ့ လုပ်ရပ်တွေအတွက် လက်တုံ့ပြန် သတိပေးတဲ့ အနေနဲ့ ပြုလုပ်ခဲ့တာဖြစ်တယ် လို့ သူတို့ အဖွဲ့က ပြောကြားခဲ့ပါတယ်။

မနေ့ ညနေ (၆) နာရီကျော်က ရွှေပြည်သာစက်မှုဇုန် အတွင်းမှာရှိတဲ့ Mytel Tower မီးစက် နဲ့ Control Box ကို မီးရှို့ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ လူ့အဖွဲ့အစည်း စီးပွားရေးလုပ်ငန်းအားလုံးကို တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေဲ့ ပစ်မှတ်တွေအနီးမှာနေတာကို မပြုလုပ်ပဲ ပူးပေါင်းပါဝင်ပေးကြဖို့အတွက် ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။