Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၈)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၄၁) ရပ်ကွက်မှာ ဒီနေ့ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

“ကျွန်တော်တို့ အိမ်ကနေ ပစ်ခတ်သံကြားရတယ်။ ဘာကြောင့် ပစ်ခတ်တာလဲတော့ မသိသေးဘူး။ ပစ်ခတ်သံကြားပြီးတဲ့ နောက်လူငယ်တချို့ကိုလည်း ဖမ်းဆီးသွားတယ် ကြားတယ်။” လို့ (၄၁) ရပ်ကွက်မှာ နေထိုင်တဲ့ ပြည်သူတစ်ဦးက C8News ကို ပြောပါတယ်။

အခုလို ပစ်ခတ်မှုဖြစ်ပွားခဲ့တာဟာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အတွင်းက လက်နက်သိုလှောင်ရုံ ဆိုတဲ့နေရာကို စစ်ကောင်စီအဖွဲ့ဝင်တွေက ဝင်ရောက် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

ဒီနေ့ညနေပိုင်းမှာပဲ တောင်ဥက္ကလာပမြို့နယ်အတွင်းက လက်နက်သိုလှောင်ရုံကိုလည်း အကြမ်းဖက်စစ်တပ်က ဝင်ရောက်ရှာဖွေပြီး လက်နက်တချို့သိမ်းဆည်းသွားတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက ပြောပါတယ်။