Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၈)

အကြမ်းဖက်စစ်ကောင်စီတပ်တွေ နဲ့ ကရင်နီတပ်မတော် KA၊ ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF၊ PDF (ဖယ်ခုံ)၊ ကြား မနေ့က တစ်ရက်ထဲ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီအဖွဲ့ဝင် (၉) ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ KNDF က ပြောပါတယ်။

“တိုက်ပွဲအတွင်း မိမိတို့ဘက်က ရဲဘော်တချို့ အသေးစား ထိခိုက်ဒဏ်ရာရရှိမှုမှ လွဲပြီး ကြီးကြီးမားမား ထိခိုက်မှုမရှိခဲ့ဘူး” လို့ KNDF ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

KA နဲ့ KNDF တပ်တွေက ဖေဖော်ဝါရီ (၄) ရက်နေ့ မနက်အစောပိုင်းကလည်း လွိုင်ကော်မြို့နယ်၊ ကယန်းသာယာကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့သလို ညနေပိုင်းမှာလည်း ထီရီကျေးရွာတောင်ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ပါသေးတယ်။

ဖေဖော်ဝါရီ (၄) ရက် ညနေဘက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က (၇) ဦး သေဆုံးခဲ့ပါတယ်။