Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၉)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ရေဦး- တန့်ဆည်-ကံထူးမလမ်းကို ဒီနေ့ မနက်ပိုင်းကစတင်ပြီး လုံးဝအသုံးမပြုဖို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေဦးမြို့နယ် က ဒီနေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။

“မည်သည့်ကားမဆို သွားခွင့်မပြုပါ။ သွားမည်ဆိုပါက တာဝန်မယူပါ။ ပြင်ဆင်ထုတ်ပြန်ချက် မထုတ်မချင်း ရပ်ထားပါ။” လို့ သူတို့က လူမှုကွန်ယက်ကတစ်ဆင့် သတိပေးပြောကြားထားပါတယ်။

ဒီနေ့မှာပဲ တမတော-ကံထူးမလမ်းပိုင်း အသုံးပြုမှုကို ဂရုစိုက်ဖို့နဲ့ မြေပြင်သတင်းရယူပြီးသာ သွားလာကြဖို့ကိုလည်း ဒေသခံအဖွဲ့တွေက သတိပေးပြောဆိုထားသေးပါတယ်။

စစ်တပ်က အာဏာသိမ်း အနိုင်ကျင့်၊ ဗိုလ်ကျတာကို လက်မခံနိုင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နေ့စဉ် တော်လှန်၊ အမြစ်ပြတ်ချေမှုန်းနေကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၇) ရက်နေ့ ညပိုင်းကလည်း အောင်ဆန်းရပ်ကွက် အတွင်းက အပြစ်မဲ့ပြည်သူနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပါသေးတယ်။