Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီလ (၉)

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်း အင်တာနက်လိုင်း ဖြတ်တောက်ထားမှုကို တစ်ပတ်အတွင်း အင်တာနက်လိုင်း ပြန်မဖွင့်ပေးပါက Tower တိုင်တွေကို ပစ်မှတ်ထားတိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ မိုးကုတ်မြို့ရဲ့အနီရောင်ဝံပုလွေများ RWM အဖွဲ့က ဒီနေ့မှာ သတိပေးကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မိုးကုတ်မြို့ရဲ့အနီရောင်ဝံပုလွေများ အဖွဲ့က စစ်ကောင်စီ တပ်ဖွဲ့ဝင်နှစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့ပါသေးတယ်။

“စစ်ကောင်စီ Surprise ရဲ့ result ကတော့ စခ နှစ်ကောင်ထိ……ကျေနပ်အားရကြရဲ့လား” လို့ သူတို့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်တပ်က အာဏာသိမ်းတာ တစ်နှစ်ပြည့်တဲ့ အနေနဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားတဲ့ Silent Strike တိတ်ဆိတ်ခြင်းသပိတ် မှာ မိုးကုတ်မြို့နယ် ပြည်သူတွေကလည်း ပူးပေါင်းပါဝင် လှုပ်ရှားခဲ့ပါတယ်။