Spread the love

ရန်ကုန်၊ဖေဖော်ဝါရီ(၁၀)

မကွေးတိုင်းဒေသကြီး အတွင်း တမာပင်များစွာရှိတဲ့အတွက် တမာပင်တွေကနေ ပိုးသတ်ဆေးတွေ ထုတ်လုပ်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသုံးချလို့ရတယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။

မကွေးတိုင်းဒေသကြီးကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေ၊ မြို့မိမြို့ဖ၊ စိုက်ပျိုးရေးတောင်သူတွေနဲ့ တွေ့ဆုံချိန်မှာ သူကပြောဆိုခဲ့တာပါ။

“ပြည်တွင်းထုတ်ကုန်တွေကို အားမပေးဘဲ သွင်းကုန်တွေကို အားပေးနေတဲ့အတွက် ကုန်သွယ်မှု လိုငွေတွေရှိနေပါတယ်။ ဒါကြောင့်ပြည်တွင်းထုတ်ကုန်တွေကို အားပေးဖို့လိုပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာ တမာပင်တွေများစွာရှိပြီး တမာပင်တွေကနေ ပိုးသတ်ဆေးထုတ်လုပ်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသုံးချဖို့လိုတယ်” လို့ သူက ပြောပါတယ်။

ကြက်သွန်ဟာ မကွေးတိုင်းရဲ့ အဓိကထွက်ကုန်ဖြစ်လို့ ကြက်သွန်ကို အခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်လုပ်ကာ အသေးစားစက်မှုလုပ်ငန်းတွေ လုပ်ကိုင်ကြဖို့ သူက ပြောဆိုခဲ့ပါသေးတယ်။

အနည်းဆုံး အခြေခံပညာအထက်တန်း (၉) တန်းအောင်ချိန်မှာ စိုက်ပျိုးမွေးမြူရေး ကျောင်းတွေကို တက်ရောက်ပြီး စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်ပစ္စည်းတွေကို ပိုမိုထုတ်လုပ်နိုင်ရင် လူမှုဘဝဖွံ့ဖြိုးတိုး တက်စေမှာဖြစ်လို့ အတန်းပညာရရှိရေးဟာလည်း အရေးကြီးတယ်လို့ သူက ပြောပါတယ်။

ဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်တွေ ဆောင်ရွက်ရာမှာ အာဃာတ တရားတွေ၊ အငြိုးအတွေ မရှိစေရေးအတွက် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်နေတယ်လို့ သူက ပြောဆိုခဲ့ပါသေးတယ်။