Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၁)

စစ်ကောင်စီလက်အောက်ခံ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ နဘဲကြူးကျေးရွာက ဦးမြင့်စိုး ကို သုတ်သင်ရှင်းလင်းလိုက်ပြီဖြစ်တယ်လို့ မြင်းမူအနက်ရောင်သိမ်းဌက်အဖွဲ့ က ပြောပါတယ်။

“မနေ့ ညနေ (၅) နာရီက အဝီဇီကို ခေါင်းတစ်ခြား ကိုယ်တစ်ခြားစေလွှတ်လိုက်တာ”

ဖြစ်တယ်လို့ သူတို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၃) ရက်နေ့က မြင်းမူမြို့နယ်၊ မကျီးကန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်မွှေနှောက် ဖျက်ဆီးချိန်မှာ ဦးမြင့်စိုး ဟာ လမ်းပြအဖြစ် ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ မကျီးကန်းကျေးရွာကို ဝင်ရောက်ရှာဖွေ ဖျက်ဆီးချိန်က အပစ်မဲ့ပြည်သူ လေးဦးကိုလည်း သတ်ဖြတ်ခဲ့ပါသေးတယ်။