Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၂)

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ သရက်တော (၄) လမ်းထဲမှာရှိတဲ့ ဒလန်မိသားစုကို သတိပေးတဲ့အနေနဲ့ ဒီနေ့ မနက်အစောပိုင်း (၄) နာရီခွဲကျော်က လမ်းထိပ်မှာရှိတဲ့ Mytel Tower မီးစက်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ (YGN) Dark Shadow က ပြောပါတယ်။

မတရားအာဏသိမ်း စစ်ကောင်စီရဲ့ ဒေါက်တိုင် အဖွဲ့စည်းတွေ နဲ့ ဒလန်ဘောမတွေကို (YGN) Dark Shadow က ရှင်းလင်းသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ရွှေပြည်သာစက်မှုဇုန် အတွင်းမှာရှိတဲ့ Mytel Tower မီးစက် နဲ့ Control Box ကို ဖေဖော်ဝါရီလ (၇) ရက်၊ ညနေ (၆) နာရီကျော်က အရပ်ဘက်ပြောက်ကျားတပ်ဖွဲ့ – YGN နဲ့ Civil Guerrilla Force – YGN က မီးရှို့ဖောက်ခွဲ ဖျက်ဆီးခဲ့ပါသေးတယ်။