Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၇)

စစ်ကောင်စီရဲ့ လက်နက်ကြီးစခန်းဖြစ်တဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဘုရားကုန်းမှာရှိတဲ့ စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရခိုင်တပ်မတော် AA က ပြောပါတယ်။

မနေ့ နေ့လည် (၄) နာရီခွဲကျော်က ဘုရားကန်းမှာရှိတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့် (BGF) တပ်တွေ စခန်းချထားတဲ့ ယာယီလက်နက်ကြီး ပစ်ကူစခန်းကို တိုင်းရင်းသားတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပူးပေါင်း သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo- ANC

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က (၁၂၀) မမ စိန်ပြောင်း (၁) လက်၊ (၆၀) မမ စိန်ပြောင်း (၁) လက်၊ RPG (၂) လက်၊ စက်လတ် (၁) လက်၊ လက်နက်ငယ် (၁) လက်၊ ဆက်သွယ်ရေးစက် (၁) လုံး၊ ကျောပိုးအိတ်အလုံး (၂၀) ဝန်းကျင်နဲ့ အရာရှိတွေ အသုံးပြုတဲ့ ဖုန်းတွေကို သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားထိခိုက် ဒဏ်ရာရှိခဲ့တယ်လို့ မျက်မြင်ဒေသခံတွေရဲ့ ပြောစကားကို ရခိုင်အမျိုးသားကောင်စီ ANC ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ကစတင်ပြီး ဖလူးကျေးရွာ နဲ့ လေးကေ့ကော်မြို့သစ် အနီးတဝိုက်မှာ တိုက်ပွဲတွေ မကြာခဏဆိုသလို ပြန်လည်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။