Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၇)

မိုးဗြဲတိုက်ပွဲအတွင်းမှာ ပြည်သူဘက်တော်သား (၂) ဦး ထိခိုက်ဒဏ်ရာရှိခဲ့တဲ့အတွက် MOBYE PDF RESCUE TEAM နဲ့ Medic Unit-Demoso က အထူးတာဝန်ယူ ကယ်ဆယ်ခဲ့ပါတယ်။

Photo- MPDFRT

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်တွေ နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေလို့ ဒေသခံပြည်သူတချို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

Photo- MPDFRT

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်၊ သေဆုံးတာတွေရှိခဲ့ပြီး အထိနာခဲ့တဲ့အတွက် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်တာမျိုးတွေ ပြုလုပ်ခဲ့လို့ ပြည်သူနေအိမ်တချို့ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်လို့ သိရပါတယ်။