Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၇)

ဒီနေ့ မနက် (၄) နာရီကျော်က ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်တွေက အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒဏ်ရာရှိသူနဲ့ သေဆုံးသူအရေအတွက် အများပြားနိုင်တယ်လို့ PDF Pekhon က ပြောပါတယ်။

ဒီမနက်တိုက်ပွဲမှာ PK PDF ဘက်က ရဲဘော်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၁၅) ရက်နေ့ကစတင်ကာ မိုးဗြဲမြို့အတွင်းက နေရာအနှံ့အပြားမှာ တပ်စွဲထားပြီး စစ်ကောင်စီတပ်တွေ နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေလို့ ဒေသခံပြည်သူတချို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။