Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၈)

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်၊ ဝါရီဆူးဖလိုင်ရွာမှာ ဒီနေ့ မနက်ပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တယ်လို့ PDF Loikaw က ပြောပါတယ်။

မနေ့ မနက်ပိုင်းကစတင်ကာ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နယ်အနီးမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တွေ အကျအဆုံးများခဲ့တယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

“မိုးဗြဲတိုက်ပွဲအပါအဝင် စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲများစွာတွင် ကျဆုံးသွားသော ပြည်သူ့ရဲဘော်များကို မိမိတို့ မှ ညိုးငယ်သောစိတ်ဖြင့် ဦးညွှတ်အလေးပြုလျက် စစ်အာဏာရှင်ကျဆုံးသည်ထိ ရေကုန်ရေခန်း တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကိုလည်း သစ္စာပြုအပ်ပါသည်။” တယ်လို့ PDF Loikaw က ပြောပါတယ်။

Photo- PDFL

ညနေပိုင်း တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က တင့်ကား၊ လက်နက်ကြီးပစ်ကူ၊ တိုက်လေယာဉ်တွေ အလွန်အကျွံ ပစ်ခတ်အသုံးပြုခဲ့တဲ့အတွက် ပြည်သူ့အိုးအိမ်တွေလည်း ဖျက်ဆီးခဲ့ရပါတယ်။