Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၉)

စစ်ကောင်စီဘက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဖလိုင်ရွာအနီး နဲ့ လွယ်စတုံးရွာ တိုက်ပွဲမှာ လက်နက်ကြီးတွေ၊ တိုက်လေယာဉ်တွေကို အလွန်အကျွံအသုံးပြုခဲ့ပေမယ့် စစ်ကောင်စီဘက်က သေဆုံးသူ (၁၅) ဦး ကျော်ရှိခဲ့တယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် က ပြောပါတယ်။

မနေ့ ညနေ (၄) နာရီဝန်းကျင်က စတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးဘက်က ရဲဘော်တချို့လည်း ကျဆုံး၊ ထိခိုက်ဒဏ်ရာရှိတာတွေလည်း ရှိခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေက ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အရပ်သားတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင် သွားတာမျိုးတွေကို ပြုလုပ်ခဲ့တယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် က ပြောပါတယ်။

ဖေဖော်ဝါရီလ (၁၇) ရက်နေ့ မနက်ပိုင်းက စတင်ပြီး မိုးဗြဲမြို့ပေါ်က ဟိုက်ကွီဆည် နဲ့ ဝါရီဆူးဖလိုင်ရွာအနီးမှာ တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့လို့ စစ်ကောင်စီဘက်က (၂၀) ဦးထက်မနည်းသေဆုံးခဲ့ပြီး မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော် (၇) ဦး ကျဆုံးခဲ့ကာ (၆) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။