Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၁)

စစ်ကောင်စီတွေ ဝင်ရောက်တိုက်ခိုက်လို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ စံတင်ကင်းကျေးရွာအနီး သရက်ခြံမှာ စခန်းချထားတဲ့ PDF ရဲ့ဘော် နှစ်ဦး ကျဆုံးခဲ့ပြီး ရဲဘော် (၁၀) ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

Photo- CJ

မနေ့ မနက် (၇) နာရီကျော်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ PDF သရက်ခြံစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သရက်ခြံစခန်း အပါအဝင် လက်လုပ်သေနတ်အရှည် (၄၃ ) လက်၊ လက်လုပ် စိန်ပြောင်း ( ၅ ) လက်၊ လက်လုပ်သေနတ်အတို (၁၂)လက်၊ လက်လုပ် ကျည်ဆံတွေ၊ လက်လုပ် မိုင်းတွေ၊ ဆိုင်ကယ်တွေ၊ ဆိုလာပြားတွေ၊ သံပိုက်တွေ နဲ့ ဆက်စက် ပစ္စည်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံပြန်ကြားရေးအဖွဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ခင်ဦးမြို့နယ်၊ သရက်ကန်ကျေးရွာ နဲ့ ပေကုန်းကျေးရွာ ကြားမှာ မနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ကိုမိုးဝင်း အပါအဝင် ရဲဘော် (၅) ဦးကျဆုံးခဲ့ပါတယ်။

Photo- CJ