Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၂)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၇/၈ လမ်းဆုံးအနီးက ကမ္ဘာ့ရတနာဘဏ်ရှေ့မှာ ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

ကမ္ဘာ့ရတနာဘဏ်ရှေ့က ပြည်ထောင်စုလမ်းမကြီးရဲ့ လမ်းလယ်ကျွန်းပေါ်မှာ အထွေးထိန်းဗုံးကို မနေ့ည (၈) နာရီ (၁၃) မိနစ်က ပထမအကြိမ်စတင် ဖောက်ခွဲခဲ့တာ ဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားလို့ စစ်ကောင်စီတပ်တွေ မိုင်းလာရှာချိန် (၈) နာရီ (၅၀) မိနစ်မှာ ဒုတိယအကြိမ် ဗုံးကို ထပ်မံဖောက်ခွဲခဲ့တာဖြစ်တယ်လို့ အာဏာရှင်တော်လှန်ရေးတပ်ဦး က ပြောပါတယ်။

ဒုတိယဗုံးပေါက်ကွဲချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပတ်ဝန်းကျင်ကိုလည်း သေနတ်နဲ့ အချက် (၁၅) ချက်လောက် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖေဖော်ဝါရီလ (၂၀) ရက်ပိုင်းက ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၄၉) ရပ်ကွက် နဲ့ အမှတ် (၂) လမ်းမကြီး တောင်/မြောက် လမ်းဆုံအနီးက ရဲစခန်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သလို ဖေဖော်ဝါရီလ (၁၉) ရက်နေ့ ညပိုင်းက ထားဝယ်ချောင်ရဲစခန်းမှာလည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။