Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၂)

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ) ရပ်ကွက်၊ 57C လမ်း၊ ၁၂၆ လမ်းနဲ့ ၁၂၇ လမ်းကြားမှာနေထိုင်တဲ့ ရာအိမ်မှူး ဦးအောင်စိန်ကို ငရဲကို ပို့ဆောင်ပေးလိုက်ပြီး ဖြစ်တယ်လို့ Yadanarbon Phoenix Guerilla Force က ပြောပါတယ်။

“စစ်ကောင်စီ အလိုကျ လိုက်လုပ်ပေးနေတော့ အာဏာရူး ရာအိမ်မှူး ဦးအောင်စိန်အား ငရဲသို့ ကျည် ၂ တောင့်ဖြင့် အရောက်ပို့ပေးခဲ့သည်” လို့ လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Yadanarbon Phoenix Guerilla Force-YPGF နဲ့ Dragon Warrior အဖွဲ့က ရာအိမ်မှူး ဦးအောင်စိန်ကို မနေ့က သေနတ်နဲ့ ပစ်သတ်လိုက်တာ ဖြစ်ပါတယ်။

နောက်နောင် အာဏာရူး၍ စစ်ကောင်စီ အလိုတော်ကျ လုပ်ဆောင်ပေးနေသော အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကို ဆက်လက်ပို့ပေးမည်၊ ပြည်သူနှင့် ဆန့်ကျင်ဘက်မှာ နေရဲတဲ့ကောင် နေကြည့်၊ ငရဲကို စရိတ်အခမဲ့ဖြင့် ပို့ဆောင်ပေးသွားမည်” လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဖေဖော်ဝါရီ (၂၀) ရက်နေ့ကလည်း ပြည်ကြီးတံခွန်မြို့နယ်က ရာအိမ်မှူး ဦးထွန်းဝေ ဟာ နေအိမ်ရှေ့မှာပဲ သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့သေးတယ်။