Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၂)

ဒီနေ့ မနက် (၆) နာရီဝန်းကျင်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ လွယ်ပါသာဘုရားတောင် နဲ့ ကုန်းဆုံဘုရားတောင် မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PDF Pekhon က ပြောပါတယ်။

Photo- PDF Pekhon

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၅) ဦး ထက်မနည်း သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဘီအေ ၁၀၀ တစ်လက်၊ အမ်အေ 2 တစ်လက်၊ အမ်အေ 3 တစ်လက်၊ ကျည်တချို့နဲ့ စစ်သုံးပစ္စည်း အနည်းငယ် သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

PDF Pekhon ဘက်က ရဲဘော် (၃) ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေပါတယ်။

Photo- PDF Pekhon

ဒီနေ့ မနက်ပိုင်း PDF Pekhon နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်ဟာ တပ်မ (၅၅) လက်အောက်ခံ ကလောအခြေစိုက် ခလရ – ၇ ဖြစ်တယ်လို့ သိရပါတယ်။