Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၅)

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာ စခန်းက နယ်ထိန်း စိုးနိုင်ဦး ကို ရှင်းလင်းသုတ်သင်ခဲ့ပြီဖြစ်တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ဖေဖော်ဝါရီ (၂၃) ရက် ညနေ (၅) နာရီခွဲကျော်က မောင်းမကန် (၃) လမ်း အဆင်း တစ်နေရာမှာ နယ်ထိန်း စိုးနိုင်ဦး ကို ရှင်းလင်းသုတ်သင်ခဲ့တာ ဖြစ်ပါတယ်။

Photo- လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

နယ်ထိန်းကို ရှင်းလင်းပြီးနောက် အမှုဖိုင်၊ လက်ထိပ်၊ ကျည်ဆံတွေ၊ တံဆိပ်တုံး၊ ဖုန်း၊ ဆေးလိပ်နဲ့ ဘောပင်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ (၂၃) ရက် နေ့လည်ပိုင်းကလည်း လောင်းလုံမြို့နယ်၊ သဘော့ဆိပ်ကျေးရွာက စစ်ကောင်စီရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ ပျူစောထီး နေမင်းထွန်း(ခ) ကပ္ပလီ(ခ) ဗုံးခွဲရာ ကို လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သုတ်သင်ရှင်းလင်းခဲ့ပါသေးတယ်။