ရန်ကုန်၊ ဖေဖော်ဝါရီ (၁၇) မိုးဗြဲတိုက်ပွဲအတွင်းမှာ ပြည်သူဘက်တော်သား (၂) ဦး ထိခိုက်ဒဏ်ရာရှိခဲ့တဲ့အတွက် MOBYE PDF RESCUE TEAM နဲ့ Medic Unit-Demoso က အထူးတာဝန်ယူ ကယ်ဆယ်ခဲ့ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၄) ပညာရေးဝန်ထမ်းတွေရဲ့ (၈၀) ရာခိုင်နှုန်းကျော်က အမျိုးသမီးတွေ ဖြစ်တဲ့အတွက် အများစုက ရှက်တတ် ကြောက်တတ်ကြတဲ့အခါကြတော့ ဒါကိုအခွင့်ကောင်းယူ အသုံးချပြီး အကြောင်းအမျိုးမျိုးပြ ခြိမ်းခြောက်၊ အနိုင်ကျင့်နေတာမျိုးတွေ ရှိနေလို့အတွက် ကာကွယ် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၂) အာဏာသိမ်း စစ်ကောင်စီက ဦးဆောင် ကျင်းပပေးမယ့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲမှာ နိုင်ငံနဲ့လူမျိုးအပေါ် သစ္စာစောင့်သိတဲ့ နိုင်ငံရေး ပါတီများသာ ပါဝင်ယှဉ်ပြိုင် ထမ်းဆောင်ခွင့်ရရှိရေး ကိစ္စရပ်တွေကို အကျယ်တဝံ့ အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူတချို့ဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၂) ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ တပ်ရင်း (၉) ဘက်ကနေ ကင်းလှည့်လာတဲ့ စစ်ကားတစ်စီး ဒီနေ့ မနက် (၅) နာရီကျော်က အဝေးထိန်းဗုံး (၂) လုံး နဲ့ တိုက်ခိုက်လိုက်တယ်လို့ From Zero To Hero အဖွဲ့က ပြောပါတယ်။

read more

ရန်ကုန်မြို့ တော်လှန်ရေးလူငယ်တစ်ဦးက “ဒူးမထောက် လက်မမြှောက်ဘူး၊ မင်းတို့ လုပ်မဲ့ ပြည်ထောင်စုနေ့ ငါတို့မကြည့်ပါ မအလ မင်းအောင်လှိုင်၊ မင်းအောင်လှိုင် မအလ လုံးဝအုပ်ချုပ်ခွင့်မရစေရ အရေးတော်ပုံ အောင်ရမည် အရေးတော်ပုံ အောင်ရမည် အရေးတော်ပုံ အောင်ရမည်” ဆိုပြီး ဒီနေ့မှာ တီဗီကိုခွဲကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၂) ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ သရက်တော (၄) လမ်းထဲမှာရှိတဲ့ ဒလန်မိသားစုကို သတိပေးတဲ့အနေနဲ့ ဒီနေ့ မနက်အစောပိုင်း (၄) နာရီခွဲကျော်က လမ်းထိပ်မှာရှိတဲ့ Mytel Tower မီးစက်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ (YGN) Dark Shadow က ပြောပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၁) ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ထိပ်မှာ တပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မဟာမိတ်ညီနောင်အဖွဲ့တွေက ဗုံးပစ်သီး (၂) လုံးနဲ့ ပစ်ခတ်တိုက်ခိုက်လိုက်လို့ (၂၀) ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ရန်ကုန်ဖက်ဒရယ်တပ်မတော် ဦးစီးမှူး ကိုကျော်လေးက ပြောပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၁) စစ်ကောင်စီလက်အောက်ခံ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ နဘဲကြူးကျေးရွာက ဦးမြင့်စိုး ကို သုတ်သင်ရှင်းလင်းလိုက်ပြီဖြစ်တယ်လို့ မြင်းမူအနက်ရောင်သိမ်းဌက်အဖွဲ့ က ပြောပါတယ်။ “မနေ့ ညနေ (၅) နာရီက အဝီဇီကို ခေါင်းတစ်ခြား ကိုယ်တစ်ခြားစေလွှတ်လိုက်တာ”

read more

ရန်ကုန်၊ဖေဖော်ဝါရီ(၁၀) မကွေးတိုင်းဒေသကြီး အတွင်း တမာပင်များစွာရှိတဲ့အတွက် တမာပင်တွေကနေ ပိုးသတ်ဆေးတွေ ထုတ်လုပ်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသုံးချလို့ရတယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၉) နွေဦးတော်လှန်ရေး နဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ တော်လှန်မှု ပုံစံမျိုးစုံက အားမကျသွားဘဲ လူထုဟာ တောင့်ခံတွန်းလှန် နေကြဆဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က သုံးသပ်ပြောဆိုလိုက်ပါတယ်။

read more