ရန်ကုန်၊ ဖေဖော်ဝါရီလ (၉) မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်း အင်တာနက်လိုင်း ဖြတ်တောက်ထားမှုကို တစ်ပတ်အတွင်း အင်တာနက်လိုင်း ပြန်မဖွင့်ပေးပါက Tower တိုင်တွေကို ပစ်မှတ်ထားတိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ မိုးကုတ်မြို့ရဲ့အနီရောင်ဝံပုလွေများ RWM အဖွဲ့က ဒီနေ့မှာ သတိပေးကြေညာလိုက်ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၉) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ရေဦး- တန့်ဆည်-ကံထူးမလမ်းကို ဒီနေ့ မနက်ပိုင်းကစတင်ပြီး လုံးဝအသုံးမပြုဖို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေဦးမြို့နယ် က ဒီနေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၉) နိုင်ငံတော်အကျိုးကို အခုချိန်မှာ မျက်မြင် အကောင်အထည်ဖော်နေတဲ့ တရားဝင် အစိုးရ၊ တပ်မတော်ရဲ့ တရားဝင်သဘောထား တရားဝင်ဖိတ်ခေါ်ချက်ဖြစ်တဲ့ ထာဝရငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့ပွဲကို နိုင်ငံတော် နဲ့ နိုင်ငံသားတွေရဲ့အကျိုးကို လက်တွေ့သယ်ပိုးဖို့ အားသန်နေကြသူတွေ တက်ရောက်ဆွေးနွေးကြဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌ ဦးသန်းဌေး က စည်းရုံးပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ(၉) မြန်မာအစိုးရဟာ ပြည်သူတွေရဲ့ အသက်ထက် မည်သည့်အရာကမျှ အရေးမကြီး၊ တန်ဖိုးမရှိ ဆိုတဲ့ခံယူချက်နဲ့ တရုတ်၊ အိန္ဒိယနဲ့ ရုရှား နိုင်ငံတှေ အပါအဝင် ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတွေကနေ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ရရှိအောင်ဆောင်ရွက်ပေးခဲ့သလို ကိုဗစ်ကာလအတွင်း နိုင်ငံခြားမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား (၉၇,၀၀၀) ကို နေရပ်ပြန်ခေါ်ပေးခဲ့တယ်လို့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၈) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၄၁) ရပ်ကွက်မှာ ဒီနေ့ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၈) NLD ပါတီ ထောက်ခံသူ အကြမ်းဖက်သမားတွေလုပ်လို့ USDP ပါတီဝင်တွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နဲ့ အပြစ်မဲ့ပြည်သူတွေ ကျဆုံးသွားခဲ့ရတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး က ဒီနေ့မှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ(၈) ၂၀၃၀ ခုနှစ်မှာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး စီမံချက်လုပ်ဆောင်နေပြီး ထုတ်လုပ်မှုရဲ့ (၉) ရာခိုင်နှုန်းကို နေစွမ်းအင် (Solar Energy)၊ လေစွမ်းအင် (Wind Energy) လို ပြန်ပြည့်မြဲ စွမ်းအင်အရင်းအမြစ်တွေက ဓာတ်အားထုတ်လုပ်နိုင်ရေး ရည်မှန်းထားတယ် လို့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သန်းဦး က ပြောပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၈) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တောင်ပိုင်းမှာ ရှိတဲ့ PDF စခန်းတစ်ခုကို အကြမ်းဖက်စစ်တပ်က အင်အား တစ်ထောင်ကျော်အသုံးပြုပြီး ထိုးစစ် ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

read more

တော်လှန်ရေးလူငယ်တစ်စုက ဒီနေ့ မနက်အစောပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာနယ်မြို့နယ်၊ ခေါင်းသုံးလုံးမှတ်တိုင်မှာ (မအလ မင်းအောင်လှိုင်) ဆိုပြီး စာရွက်ကြဲ ဆေးမှုတ်ခဲ့တဲ့ ရုပ်သံဖြစ်ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၈) အကြမ်းဖက်စစ်ကောင်စီတပ်တွေ နဲ့ ကရင်နီတပ်မတော် KA၊ ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF၊ PDF (ဖယ်ခုံ)၊ ကြား မနေ့က တစ်ရက်ထဲ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

read more