ရန်ကုန်၊ ဖေဖော်ဝါရီ (၇) ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာ ရဲကင်းက ရဲတပ်ကြပ် တစ်ဦးသေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်တွေ မအူပင်မြို့နယ်အတွင်းက ဒေသခံအများအပြားကို ရမ်းသမ်းဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “မလက်တိုရဲကင်းက အသတ်ခံရတဲ့ ရဲတပ်ကြပ်အဆင့် စောကြည်လွင် က လှိုင်းတာကျေးရွာသား။ သူက မလက်တိုရဲကင်းစခန်းမှာ တာဝန်ကျနေတာလေ။ လှိုင်းတာရွာကလွဲလို့ အခြားရွာတွေကိုဒုက္ခပေးခဲ့တဲ့ သူတစ်ယောက်လေ။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၇) နိုင်ငံအတွင်းမှာ အခုလက်ရှိကြုံတွေ့နေရတဲ့ ဆူပူအကြမ်းဖက်မှုတွေ နဲ့ တည်ငြိမ်အေးချမ်းတာ မရှိတဲ့အတွက် တိုင်းရင်းသား ပြည်သူတွေအနေနဲ့ ဆင်းရဲဒုက္ခတွေ ကြုံတွေ့နေရပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို များစွာ ထိခိုက်စေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် က ဒီနေ့မှာ ပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၇) စစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Mytel Tower ကို မီးရှို့ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့တယ်လို့ အရပ်ဘက်ပြောက်ကျားတပ်ဖွဲ့ – YGN က ပြောပါတယ်။ အခု mission ဟာ မတရားဖမ်းဆီးခြင်းခံရတဲ့ CGF-YGN က ရဲဘော်တွေအတွက် လက်တုံ့ပြန်တာ၊

read more

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ပြည်သူတွေက ဒီနေ့မနက်ပိုင်း အရုဏ်ဦးသပိတ်စစ်ကြောင်း ပြုလုပ်ခဲ့ပါတယ်။

read more

ဒီနေ့ မနက်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ ကန်တော်ကြီးဘေးမှာ “လူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်သစ်ဆီသို့ ချီတက်ကြ” စာသားချိတ်ဆွဲပြီး ကျောင်းသားသမဂ္ဂများ မဟာမိတ်အဖွဲ့ (ရန်ကုန်) က စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြခဲ့ပါတယ်။ စစ်ကောင်စီက မနေ့ ညနေပိုင်းက ဗီနိုင်းချိတ်ဆွဲပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေတဲ့ လူငယ်တစ်ဦးကို နေရာမှာပဲ သေနတ်နဲ့ပစ်ခတ်ခဲ့ပါသေးတယ်။

read more

ရန်ကုန်၊ဖေဖော်ဝါရီ(၆) ရခိုင်ပြည်နယ်၊ မောင်တောနယ်ဘက်မှာ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်တွေ နဲ့ ရက္ခိုင့်တပ်တော် (AA) တွေ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးတာတွေ ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေ ဖော်ပြရေးသားနေတဲ့ Maungdaw Daily News (DMG) ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၆) ဗြိတိန်နိုင်ငံ၊ Sandringham၊ Queen’s Norfolk နေအိမ်မှာ မနေ့က ဗြိတိန်ဘုရင်မကြီး Elizabeth (အဲလိဇဘက်) နန်းတက်တာ နှစ် (၇၀) ပြည့်တဲ့ ပလက်တီနမ်ရတု အထိမ်းအမှတ်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ပလက်တီနမ်ရတု ပွဲမှာ ဘုရင်မကြီးက အပြာနုရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၆) စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့ပေါ်မှာတဲ့ ရဲစခန်း နဲ့ ထွေအုပ်ရုံး ကို ဝင်တိုက်ရာ အကြမ်းဖက်စစ်တပ်က ပြည်သူ့နေအိမ်ကို မီးရှို့အကာကွယ်ယူလို့ တိုက်ပွဲကနေ ဆုတ်ခွာပေးလိုက်ရတယ်လို့ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “ကျနော်တို့က ဝင်တိုက်တဲ့အချိန် သူတို့က ပြည်သူ့နေအိမ် မီးရှို့တော့ ပြန်ဆုတ်ပေးလိုက်ရတာ၊

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၅) ဖက်ဆစ်စစ်တပ် နဲ့ တစ်လကျော်ကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ ဗမာ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA ဘက်က ရဲဘော်နှစ်ဦးမှာ အသက် (၁၈) နှစ်အရွယ်တစ်ဦးက ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရပြီး ကျန်တစ်ဦးမှာ မိုင်းစထိမှန်ခဲ့တယ်လို့ ဒီနေ့မှာ ပြောပါတယ်။ “အခုလတ်တလော ရဲဘော်တို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေက

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၅) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် မှာ တော်လှန်ရေးအင်အားစု တချို့စုပေါင်းပြီး မနေ့က သွေးသပိတ်ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ Photo- GSC

read more