ရန်ကုန်၊ဖေဖော်ဝါရီ(၃) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က (၆)လ သက်တန်းတိုးတာကို ထောက်ခံတယ်လို့ USDP အပါအဝင် ပါတီ(၂၅)ခုက မနေ့က နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

read more

ရန်ကုန်၊ဖေဖော်ဝါရီ(၃) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အတွင်းမှာ တော်လှန်ရေးလူငယ်တွေက ” ကြောက်ပြီး ပုန်းမှာလား၊ မကြောက်ပဲ ကြုံးမှာလား ” စာတန်းရေးဆွဲပြီး ဒီနေ့မနက်ပိုင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ “ကျနော်တို့စာတန်းရေးပြီး ဆန္ဒပြတာ၊ စစ်ခွေးတွေက အသေကြောက်ပြီး ဗုံးရှင်းတဲ့ဝတ်စုံတွေဝတ်ပြီး အယောက်(၂၀)ကျော်လောက်ရှိမယ်

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၃) မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဗိုလ်တေဇရပ်ကွက်၊ ဘီးလင်း – နတ်ကြီး- ဖာပွန် လမ်းပေါ်က တံတားအနီးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အမည်မသိလူတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၃) မြန်မာနိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် USDP မဟုတ်ပေမယ့်လည်း “အသက်ခန္ဓာ ဆုံးရှုံးသွားတဲ့ မည်သူအတွက်မဆို ကျွန်တော်တို့ စိတ်မကောင်းဖြစ်မိပါတယ်။” လို့ ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး က ပြောကြားခဲ့ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၂) စစ်တပ်က အာဏာသိမ်းတာ တစ်နှစ်ပြည့်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ (၁) ရက်နေ့မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆၀) ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးက NUG ပြည်သူ့ာကွယ်ရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က ပြောပါတယ်။ စစ်ကောင်စီတပ်တွေ နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး မနေ့က တစ်ရက်ထဲ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရှိသူ (၁၉) ဦး ရှိခဲ့ပါတယ်။ အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေတာတွေကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလာကြတာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်ကနေ အပြီးတိုင်ချုပ်ငြိမ်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေ စီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေက…

read more

ရန်ကုန်၊ဖေဖော်ဝါရီ(၂) ပြည်သူတွေပိုင်ဆိုင်တဲ့ စစ်မှန်တဲ့ အချုပ်အချာအာဏာ ပြန်လည်ရရှိစေဖို့အတွက် ပြည်သူလူထုနဲ့အတူ ပြတ်သားစွာရပ်တည်ပြီး မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ဆက်လက်ကြိုးပမ်းသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ က ထုတ်ပြန်လိုက်ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၂) မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေပဟာ ပြည်ပ ပယောဂအနှောင့် အယှက်တွေ ကင်းရှင်းစေဖို့နဲ့ ပြည်တွင်းနိုင်ငံရေးဖြစ်စဉ်တွေကို တရားဥပဒေဘောင် အတွင်းက အေးချမ်းတည်ငြိမ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ လိုအပ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် က ပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ဖေဖော်ဝါရီ(၂) စစ်ကောင်စီဝင်တွေအားလုံးရဲ့ ကြိုးပမ်းဆောင်ရွက်မှုကြောင့် အခက်အခဲတွေကြားက မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်တယ်လို့ အာဏာသိမ်းပြီး ယာယီသမ္မတအဖြစ် တင်မြှောက်ထားတဲ့ ဦးမြင့်ဆွေ က ပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၂) ပြည်သူတွေရဲ့ Silent Strike (တိတ်ဆိတ်ခြင်းသပိတ်) အောင်မြင်ခြင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့ မနက်အစောပိုင်းက မြင်းမူမြို့အဝင် တိုးဂိတ်မှာ ဗုံး (၆) လုံးခွဲ တိုက်ခိုက်ခဲ့တယ်လို့ Black Eagle Defence Force-MMU က ပြောပါတယ်။

read more