Spread the love

ရန်ကုန်၊ မတ် (၈)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခုမတ်လ (၁၀) ရက်နေ့ နောက်ဆုံးထားပြီး အင်တာနက်လိုင်းတွေ ပြန်မဖွင့်ပေးပါက ဆက်သွယ်ရေး တာဝါတိုင်တွေကို ဖျက်ဆီးသွားမှာ ဖြစ်တယ်လို့ အနက်ရောင်အိန်ဂျယ်တပ်ဖွဲ့ က ပြောပါတယ်။

“အင်တာနက်လိုင်းများ ဆက်လက်၍ ပိတ်ထားမည်ဆိုပါက အော်ပရေတာများ ပိုင်ဆိုင်သော ဆက်သွယ်ရေး တာဝါတိုင်များအား မိမိတို့အနေဖြင့် ဖျက်စီးပြစ်ရပါမည်။” လို့ သူတို့ သတိပေးစကား ပြောကြားခဲ့ပါတယ်။

အော်ပရေတာတွေ အနေနဲ့ ဆက်သွယ်ရေး တာဝါတိုင်တွေ ဆုံးရှုံးမှု မဖြစ်စေဖို့အတွက် အင်တာနက်လိုင်းတွေကို အမြန်ဆုံး ဖွင့်ပေးဖို့ သူတို့အဖွဲ့က အခုလို တောင်းဆိုခဲ့တာပါ။

အင်တာနက် ဖြတ်ခံရတဲ့ ရက်တွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခင်ဦးမြို့နယ်၊ ကျေးရွာ နှစ်ခုက အထက်တန်းကျောင်းတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ရသလို ဒါန်းကုန်းကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ရွာလုံးကျွတ်နီးပါး ပြာကျခဲ့ပြီး မှန်တောကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်လို့ ဒေသခံပြည်သူတွေဆီက ပြောပြပါတယ်။