Spread the love

ရန်ကုန်၊မတ်(၈)

ဥရောပသမဂ္ဂ နဲ့ နိုင်ငံတချို့က ရုရှား-ယူကရိန်းအရေးမှာ ကြားနေနိုင်ငံအဖြစ် ပါဝင်တဲ့ ပါကစ္စတန် ကို ရပ်တည်ချက်ပြောင်းလဲဖို့ တောင်းဆိုလိုက်တဲ့အတွက် မင်းတို့ကျွန်တွေမဟုတ်လို့ ဘာပြောပြောလိုက်လုပ်မှာ မဟုတ်ဘူးလို့ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၆) ရက်နေ့မှာ ဥရောပသမဂ္ဂက ဦးဆောင်ပြီး ဂျပန်၊ ဆွစ်ဇာလန်၊ ကနေဒါ၊ ဗြိတိန်၊ ဩစတြေးလျနိုင်ငံတွေက ရုရှား-ယူကရိန်းအရေးမှာ ပါကစ္စတန် အနေနဲ့ လက်ရှိရပ်တည်ချက်ကို ပြောင်းလဲဖို့ တောင်းဆိုလိုက်ချိန်မှာ သူက ပြန်လည်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့ကို ဘယ်လိုထင်နေတာလဲ၊ မင်းတို့ကျွန်တွေများ မှတ်နေလား၊ ခင်ဗျားတို့ ဘာပြောပြော လိုက်လုပ်မယ် ထင်နေတာလား၊ အနောက်နိုင်ငံတွေက ပါကစ္စတန်နိုင်ငံသားတွေကို ကျွန်လိုဆက်ဆံနေတယ်လို့” လို့ ပါကစ္စတန်ဝန်ကြီးချုပ် က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ ရုရှားကို ရှုတ်ချတဲ့ မဲခွဲစနစ်မှာ ပါကစ္စတန် က ကြားနေနိုင်ငံအဖြစ် ရပ်တည်ခဲ့တာပါ။

“ကျနော်တို့ဟာ ရုရှားနဲ့ မိတ်ဆွေဖြစ်သလို၊ အမေရိကန်နဲ့လည်း ရင်းနှီးပါတယ်၊ တရုတ်၊ ဥရောပနိုင်ငံတွေနဲ့ မိတ်ဆွေဖြစ်နေတဲ့အတွက် ဘယ်သူ့ဘက်ကမှ မပါဘူး၊ ဘယ်သူ့အောက်မှာမှ ရှိမနေပါဘူး” လို့ သူကပြောဆိုလိုက်ပါတယ်။