Spread the love

ရန်ကုန်၊မတ်(၈)

ရုရှား ရဲ့ကျူးကျော်စစ်ကြောင့် ယူကရိန်းနိုင်ငံကနေ မိုင် ၆၀၀ ကွာဝေးတဲ့ ဆလိုဗားကီးယား ကို လူကြီးမိဘတွေမပါဘဲ တစ်ယောက်ထဲ စစ်ရှောင်လာတဲ့ အသက် (၁၁) နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးကို သူရဲကောင်းအဖြစ် ပြည်သူတွေက ချီးကျူးဂုဏ်ပြုနေပါတယ်။

ဘာအတွက်ကြောင့် မိဘတွေအနေနဲ့ ယူကရိန်းနိုင်ငံမှာ ကျန်နေခဲ့တာလဲဆိုတာ မဖော်ပြထားပေမယ့် ကလေးငယ်ဟာ လက်ခုံမှာ ရေးသားထားတဲ့ သတင်းအချက်အလက်နဲ့ နိုင်ငံကူးလက်မှတ်ထဲမှာ ညှပ်ကာထည့်ထားတဲ့ စာရွက်နဲ့အတူ စစ်ဘေးရှောင်အဖြစ် ရောက်လာခဲ့တာဖြစ်တယ်လို့ Manchester Evening News မှာ ရေးသားထားပါတယ်။

ကလေးငယ်ရဲ့ လက်ခုံပေါ်မှာ ရေးသားထားတဲ့ သတင်းအချက်အလက်နဲ့ နိုင်ငံကူးလက်မှတ်အတွင်းမှာ ညှပ်ထားတဲ့ စာရွက်ထဲက လိပ်စာနဲ့အကြောင်းအရာတွေကြောင့် ဆလိုဗားကီးယား ပြည်ထဲရေးဝန်ထမ်းတွေက အခုအခါမှာ သူတို့နိုင်ငံအတွင်းမှာ နေထိုင်တဲ့ ကလေးငယ်ရဲ့ ဆွေမျိုးတော်စပ်သူတွေနဲ့ ဆက်သွယ်ခဲ့ပြီးနောက် ဆွေမျိုးဖြစ်သူတွေက လာရောက် ခေါ်ဆောင်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။