Spread the love

ရန်ကုန်၊ မတ် (၈)

မြောက်ဒဂုံမြို့နယ်က မြို့မရဲ့သင်တန်းကျောင်းမှာ သင်တန်းဆင်းပွဲ အကြိုလေ့ကျင့်ရေး ပြုလုပ်နေချိန် လက်ဗစ်ဗုံးနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတွေ ထွက်လာချိန်မှာ (၄၀) မမနဲ့ ထပ်မံ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးသူ အများအပြားရှိနိုင်တယ်လို့ နွေဦးညီအစ်ကိုများအင်အားစု က ပြောပါတယ်။

နွေဦးညီအစ်ကိုများအင်အားစု နဲ့ ပြည်သူ့အင်အား အဖွဲ့တွေက ပူးပေါင်းကာ မနေ့က စစ်ဆင်းရေးကို ပြုလုပ်ခဲ့တာဖြစ်ပြီး အချိန် (၁၅) မိနစ် ဝန်းကျင်ကြာမြင်ခဲ့တယ်လို့ သူတို့က ရေးသားဖော်ပြထားပါတယ်။

တိုက်ခိုက်ရေး ပြုလုပ်နေချိန် ပြည်သူကားတန်းတွေ ရပ်သွားလို့ ပြည်သူတွေ ဘေးကင်းစေဖို့အတွက် စစ်ဆင်ရေးကို တစ်ဝက်နဲ့ ရပ်လိုက်တယ်လို့ သူတို့က ပြောပါတယ်။

မြို့မရဲ့သင်တန်းကျောင်းဟာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၃၆) ရပ်ကွက်၊ ဗိုလ်ဆွန်ပတ်လမ်း နဲ့ မန်းဘခိုင်လမ်းထောင့် မှာ တည်ရှိတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁၉) ရက်နေ့ကလည်း နွေဦးညီအစ်ကိုများအင်အားစု နဲ့ ပြည်သူ့အင်အား ပူးပေါင်းအဖွဲ့တွေဟာ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ထားဝယ်ချောင် (၄၉) ရဲစခန်း ကို ၄၀ မမ (၃) လုံး အဝေးထိန်းမိုင်း (၄) လုံးနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ (၁၀) ဦး ဝန်းကျင် သေဆုံးခဲ့ပြီး ကားတစ်စီးပျက်စီးခဲ့ပါသေးတယ်။