ရန်ကုန်၊ မတ် (၉)
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁၁) ရပ်ကွက်၊ ရန်ကြီးအောင်လမ်းထဲမှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ရုံးမှာ တပ်စွဲဖို့ပြင်ဆင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီနေ့ မနက် (၅) နာရီ (၁၅) မိနစ်က ဗုံးပစ်တိုက်ခိုက်ခဲ့လို့ ရန်သူတချို့ ထိခိုက်မှုရှိနိုင်တယ်လို့ Yangon Federal Army ရဲ့ ဦးစီးမှူးဖြစ်သူ ကိုကျော်လေး က ပြောပါတယ်။
USDP ရုံးကို လက်ပစ်ဗုံး နှစ်လုံးနဲ့ YFA နဲ့ CGF-YGN အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
အခု mission ဟာ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ရဲ့ ပျံလွှားအောင် စစ်ဆင်ရေး တစ်စိတ်တစ်ပိုင်းဖြစ်ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်တဲ့အထိ ဆက်လက် တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ (၇) ရက်နေ့ကလည်း Spring Brothers Force က မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ မြို့မရဲ့သင်တန်းကျောင်းမှာ သင်တန်းဆင်းပွဲ အကြိုလေ့ကျင့်ရေး ပြုလုပ်နေချိန် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတွေ ထွက်လာချိန်မှာ (၄၀) မမနဲ့ ထပ်မံ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးသူ အများအပြားရှိခဲ့ပါသေးတယ်။