Spread the love

ရန်ကုန်၊ မတ် (၁၀)

ဒီနေ့ မနက် (၆) နာရီ ဝန်းကျင်က စတင်ကာ စစ်ကောင်စီတပ်တွေ တိုက်လေယာဉ်၊ ကင်းထောက်လေယာဉ်တွေနဲ့ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံကျေးရွာက ဘာသာရေး အဆောက်အဦးတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ် က ပြောပါတယ်။

“အကြမ်းဖက်စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ ဘာသာရေးအဆောက်အဦးကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ အရပ်သားပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း လုပ်ရပ်သည် မိမိတို့အနေဖြင့် လုံးဝရှုံ့ချသည်။” လို့ သူတို့က ပြောကြားခဲ့ပါတယ်။

Photo- DMO-PDF

တိုက်လေယာဉ် (၁) စီး၊ ကင်းထောက်လေယာဉ် (၁) စီးနဲ့ (၈) ကြိမ်နီးပါး ဗုံးကြဲတိုက်ခိုက်ခံခဲ့ရလို့ ဘာသာရေး အဆောက်အဦး (၄) လုံးကျော် ပျက်စီးသွားခဲ့ပါတယ်။

မတ်လ (၈) ရက်နေ့ မနက် အစောပိုင်း (၂) နာရီ ဝန်းကျင်က စစ်ကောင်စီတပ်တွေဟာ တိုက်လေယာဉ်တစ်စီးနဲ့ အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကက်သလစ် ခရစ်ယာန် ဘုရားကျောင်း (၁) လုံးလည်း ထိမှန်ပျက်စီးခဲ့ပါသေးတယ်။

Photo- DMO-PDF