Spread the love

ရန်ကုန်၊မတ်(၁၁)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၈) ရပ်ကွက်၊ မောင်းမကန်လမ်းမှာ CNG တန်းစီနေတဲ့ ကားတွေကို ကွန်တိန်နာကားတစ်စီးက ဝင်တိုက်မိလို့ လူ (၄) ဦးထက်မနည်း သေဆုံးခဲ့ပြီး တချို့ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနက်(၆)နာရီလောက်က ဝင်တိုက်မိတာလို့ သိရတယ်၊ ကွန်တိန်နာယာဉ်မောင်းက အိပ်ငိုက်ပြီး တိုက်မိတာတဲ့၊ ထိတဲ့ကားတွေတော့ အများကြီးပဲ ရှစ်စီး၊ ကိုးစီးလောက်ရှိတယ်၊ (၄)ယောက်သေ၊ ဒဏ်ရာရတဲ့ လူတွေလည်းများတယ်” လို့ တောင်ဒဂုံမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး မီးသတ်ဦးစီးဌာန က ကျား (၁) ဦး(သေဆုံး)၊ ကျား (၃) ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နဲ့ ကျား (၂) ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့ကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ဆေးကုသပေးနေတယ်လို့ ထုတ်ပြန်ထားပေမယ့် တကယ့်မြေပြင်အခြေအနေမှာ သေဆုံးသူဟာ အမျိုးသား (၄ )ဦး ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

Photo- CJ