Spread the love

ရန်ကုန်၊ မတ် (၁၃)

ကားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲမှာရှိတဲ့ ဒေါငံခါးကျေးရွာကို ဒီနေ့ မှာ ဆုံးရှုံးလိုက်ရပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

“စစ်ကောင်စီဘက်မှ အကြိမ်‌ပေါင်းမြောက်များစွာ လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် ဗုံးကြဲပစ်ခတ်ခဲ့သောကြောင့် နောက်ထပ်သော စစ်ရေးအရ အရေးပါလှသော ဒေါငံခါးကို ကျွန်တော်တို့ ယာယီ လက်လွတ်‌ပေးခဲ့ရပါတယ်။ ထိုနေ့တိုက်ပွဲမှာလည်း ကျွန်တော်တို့ရဲဘော်တချို့ ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့ပါတယ်။” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF-B01 က ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေ၊ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။