Spread the love

ရန်ကုန်၊ မတ် (၁၅)

ပြည်သူတွေဆီက မီတာခ ကောက်ခံနေတဲ့ မန္တလေးတိုင်းဒေသကြီး၊ မြို့သာမြို့ လျှပ်စစ်ရုံးကို မနေ့ည (၇) နာရီခွဲက ဗုံးခွဲသတိပေးခဲ့တယ်လို့ မြောင်မြို့နယ် T.G.R – ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။

“လျှပ်စစ်ရုံးမှ ဘ မ များသည် မြို့သာပြည်သူများထံမှ မီတာကြေး ကောက်မည်ဟု သတင်းရသဖြင့် နာနတ်သီး တစ်လုံး ပစ်ခွဲ၍ သတိပေး တားမြစ် ခဲ့သည်။” လို့ သူတို့က ရေးသားထားပါတယ်။

အခုလို သတိပေးထားတဲ့ကြားက မြို့သာမြို့ မီတာရုံး ဝန်ထမ်းတွေအနေနဲ့ မီတာကြေးကို ဆက်လက် ကောက်ခံမယ်ဆိုပါက ဝန်ထမ်းတွေရဲ့လုံခြုံရေးဟာ စိတ်မချရမှာ မဟုတ်ဘူးလို့ သူတို့က သတိပေးပြောဆိုထားပါတယ်။

မနေ့က (၆၂) လမ်း၊ (၁၀၁) လမ်း၊ သိပ္ပံလမ်း မီးပွိုင့်ထောင့်မှာ ပြည်သူတွေကို မတရား ဖမ်းဆီး စစ်ဆေးနေတဲ့ ယာဉ်ထိန်းရဲနှစ်ဦးကို မန္တလေးပျောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့ဟာ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ တစ်ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။