Spread the love

ရန်ကုန်၊မတ်(၁၅)

ကမ္ဘာ့အချမ်းသာဆုံးသူဌေး စာရင်းဝင် အီလွန်မက်စ် (Elon Musk) က ရုရှားသမ္မတ ပူတင် ကို တစ်ယောက်ချင်းတိုက်ခိုက်ဖို့ ဖော်လိုဝါ (၇.၇) သန်းအထိ ရရှိထားတဲ့ သူ့ရဲ့ တွစ်တာကတစ်ဆင့် ကြေညာလိုက်ပါတယ်။

“ဒီနေရာကနေ ပူတင်ကို ကျနော်တဦးချင်းတိုက်ဖို့ စိန်ခေါ်ပါတယ်၊ လောင်းကြေးကတော့ ယူကရိန်းပေါ့” လို ရုရှား သမ္မတရဲ့ ကရင်မ်လင်နန်းတော် ကို Tag တွဲပြီးစိန်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် လျှပ်စစ်ကားကုမ္ပဏီ Tesla Inc. ရဲ့ပူးတွဲတည်ထောင်သူ အီလွန်မက်စ် ဟာ နာမည်ကျော် သူဌေးကြီး ဘီလ်ဂိတ်ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ ဒုတိယမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ကို ခံနေရတဲ့ ယူကရိန်းနိုင်ငံ အတွက် အီလွန်မက်စ် သူ့ရဲ့ကိုယ်ပိုင် ဂြိုလ်တုကတစ်ဆင့် အင်တာနက်ဝန်ဆောင်မှု ပေးထားသူဖြစ်ပြီး ရုရှားသမ္မတ ပူတင် ကို စိန်ခေါ်ခဲ့တာနဲ့ ပတ်သက်ပြီး ယူကရိန်း ဒုဝန်ကြီးချုပ် Mykhailo Fedorov က အီလွန်မက်စ် က ပူတင် ကို ဂျူပီတာဂြိုလ်ဆီ ပို့ပေးမှာ သေချာပါတယ် လို့ ထောက်ခံအားပေး စကားဝင်ရောက် ရေးသားခဲ့ပါတယ်။