Spread the love

ရန်ကုန်၊ မတ် (၁၇)

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင် အမှတ် (၁) တံတားအဆင်း သန်လျင်ဘက်အခြမ်းမှာ တံတားလုံခြုံရေး တာဝန်ယူထားတဲ့ စစ်ကောင်စီအဖွဲ့ဝင် (၂၀) ဦးကျော် ရှိနေတဲ့ မနေ့ ည (၇) နာရီ (၁၄) မိနစ်အချိန်က ဘန်ကာအတွင်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြပျောက်ကြား Dark Shadow (YGN) တပ်ဖွဲ့က ပြောပါတယ်။

“ယခင်က (ရခ) တံတားလုံခြုံရေးကင်းစခန်းမှ ယခု (စကစ) ဘန်ကာအဖြစ်ပြောင်းလဲထားပြီး၊
တံတားလုံခြုံရေး ရဲတပ်သား ၊ရေတပ် အဖွဲ့ဝင်အကောင်ရေ(၂၀)ကျော်လောက် လုံခြုံရေးယူထား စစ်ကောင်စီ ဘန်ကာအား မြို့ပြပျောက်ကြား Dark shadow (ygn)တပ်ဖွဲ့မှ ထိရောက်စွာ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။” လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မနေ့က မနက်ပိုင်းကလည်း လမ်းမတော်မြို့နယ်၊ ကမ်းနားလမ်းထောင့်မှာရှိတဲ့ လျှပ်စစ်မီတာရုံး ကို ဖောက်ခွဲတိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် ပြည်သူတွေ ဖြတ်သန်းဖြတ်လာနေလို့ miss ကို ဖျက်သိမ်းခဲ့တာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

“လာမယ့်ကာလများတွင် စစ်ကောင်စီ လက်အောက်ခံ ဒေါက်တိုင်တွေနဲ့ အဖွဲ့အစည်းများကို ရှင်းလင်းသုတ်သင်သွားပါ့မည်။ မိဘပြည်သူများအနေဖြင့် တော်လှန်ရေးအင်အား ပိုမိုအားကောင်းစေရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မြို့ပြပျောက်ကြားတပ်ဖွဲ့များအား တတ်နိုင်တဲ့ အင်အားလေးနဲ့ တော်လှန်ပါဝင် လှူဒါန်းကျဖို့လည်း” သူတို့အဖွဲ့က တိုက်တွန်းပြောဆိုထားပါတယ်။