Spread the love

ရန်ကုန်၊ မတ် (၂၀)

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကမာကြည်-သုဝဏ္ဏတံတားအနီး တောင်ထိပ်ပန်းမှတ်တိုင်၊ အကွက် (၃၀) လို့ခေါ်တဲ့ အရာရှိတွေ နေထိုင်ရာနား နဲ့ ရွှေပြည်သာမြို့နယ် ရဲစခန်းနဲ့ မြို့နယ်ခန်းမမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

မနေ့ ည (၇) နာရီက ရွှေပြည်သာမြို့နယ်၊ ရဲစခန်းကို (၄၀) မမ (၁) လုံးနဲ့ တိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ရွှေပြည်သာမြို့နယ်ခန်းမကိုလည်း (၄၀) မမ နှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Spring Brother Force ဆီက သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကို Spring Brother Force နဲ့ People’s Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

မနေ့ ည (၈) နာရီ (၂၀) မိနစ်အချိန်က သင်္ဃန်းကျွန်းမြို့နယ်၊ ကမာကြည်- သုဝဏ္ဏတံတားအနီး၊ တောင်ထိပ်ပန်းမှတ်တိုင်နား၊ အကွက် (၃၀) လို့ခေါ်တဲ့ အရာရှိတွေ နေထိုင်ရာနားကို အသံဗုံးတစ်လုံး ဖောက်ခွဲခဲ့သလို အဝေးထိန်းမိုင်း ပဒေသာလေးလုံးလည်း ဖောက်ခွဲခဲ့တယ်လို့ Gods Of Death (HTY) ဆီက သိရပါတယ်။

အခုလိုဗျူဟာကျကျ စစ်ဆင်ရေးတွေကို ရန်ကုန်မြို့ပေါ်မှာ အထူးလေ့ကျင့်ထားတဲ့ မြို့ပြပြောက်ကျားအဖွဲ့တွေက အရှိန်မြှင့်ပြီး ရန်ကုန်မြို့နဲ့ နိုင်ငံတစ်ဝန်း ပြည်သူ့အာဏာပြန်လည်ရရှိဖို့ စစ်အာဏာရှင် အပြီးတိုင်ဖြုတ်ချဖေို့ ကြိုးပမ်းနေတာ ဖြစ်လို့ ပြည်သူလူထုတွေအနေနဲ့ မလိုအပ်ပဲ အပြင်မထွက်ဖို့၊ ပေါက်ကွဲသံတွေရှိရာကို မစူးစမ်းကြဖို့ တော်လှန်ရေးအဖွဲ့အစည်းတွေက တိုက်တွန်းပြောဆိုထားပါတယ်။